Chapter (9) - အသက်ဝိညာဉ်ပြား ၏ဆရာသခင်

12.6K 1.8K 7
                                    

Unicode

အခန်း(၉)
အသက်ဝိညာဉ်ပြား ၏ဆရာသခင်

မူလအရင်းအမြစ်အားဖျက်သိမ်းနေမှု၏ နာကျင်မှုသည် ပုံမှန်အခြေအနေပြန်မရောက်ခင်ထိ အတော်ပင်ကြာရှည်လေသည်။ လင်ရွှမ်းဇီသည်မျက်လုံးအားဖွင့်လိုက်ပြီး ရုတ်တရက်ပင် ပါးစပ်အပြည့် သွေးတစ်ပွက်အားအန်ထုတ်လိုက်သည်။

လင်ရွှမ်းဇီသည် ထိုသို့သွေးအန်ရခြင်းအပေါ်စိတ်ထဲသိပ်မထားပေ။ အချိန်အနည်းငယ်မျှတိတ်ဆိတ်နေပြီးနောက် သူ့ရဲ့ညာဘက်လက်အားသူ့ရှေ့တွင်မြှောက်လိုက်ပြီးညာဘက်လက်၏လက်ခလယ်အားအနည်းငယ်ကိုက်လိုက်လေသည်။ လက်ဆယ်ချောင်းလုံး၏သွေးကြောများမှာ နှလုံးသားနှင့်ဆက်သွယ်နေသောကြောင့် လက်ခလယ်မှထွက်လာသောသွေးတစ်စက်သည် သူ့နှလုံးသွေးပင်ဖြစ်သည်။

ထို့နောက်သူသည် နှဖူးအလယ် အား ထိုညာဘက်လက်ခလယ်နှင့် ဖိလိုက်သည်။

တစ်ဆက်တည်းမှာပင် သူ့ဘယ်ဘက်လက်သည် ရှည်လျားပြီးရှုပ်ထွေးလှသော စည်းတံဆိပ်ခတ်ခြင်းလုပ်ဆောင်မှုကိုပြုလုပ်လိုက်သည်။ နှလုံးသွေးစက်သည် သူ့နှဖူးပေါ်တွင် ရွှေရောင်အလင်းရောင်တစ်ခုအဖြစ်တောက်ပလာပြီး ခဏအကြာတွင် မူလနေရာမှချက်ချင်းပင်ပျောက်ကွယ်သွားသည်။

သူ၏အသက်ဝိညာဉ်ပြား သည်စည်းတံဆိတ်ပျက်ပျယ်သွားပြီဖြစ်သည်။ ထို့နောက်ထိုဝိညာဉ်ပြားသည် သူ့ခန္တာကိုယ်ပေါ်တွင် ထပ်မံဖရိုဖရဲဖြစ်လာပြန်သည်။

လင်ရွှမ်းဇီသည်သူ့အသိတရားများအားပြန်လည်စမ်းစစ်လိုက်သောအခါ ကမ္ဘာသေးသေးလေးပမာဏမျှကြီးမားသော အသက်ဝိညာဉ်ပြားသည် သူ့လက်ထဲတွင်လက်မအရွယ်ပုတီးလုံးလေးတစ်လုံးမျှသာရှိတော့သည်ကို သိရှိသွားသည်။

လင်ရွှမ်းဇီသည် တိတ်ဆိတ်စွာပင်မေးလိုက်သည် " မင်းဘယ်လိုဖြစ်လို့ဒီလိုဖြစ်သွားရတာလဲ"

အသက်ဝိညာဉ်ပြားသည်သူ့အသိညာဏ်ထဲတွင် ကူးခတ်နေပြီး မည်သည့်အသံမျှထွက်မလာပေ။

လင်ရွှမ်းဇီသည်ခဏမျှစောင့်ပြီးနောက် " ငါမင်းကို စည်းတံဆိပ်ဖျက်ပေးနိုင်ရင်ပြန်ပြီးလည်းတံဆိပ်ခတ်ပေးလို့ရတယ်နော်"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now