Chapter(26) - မင်းအပြစ်မဟုတ်ပါဘူး

10.2K 1.6K 23
                                    

Unicode

အခန်း(၂၆) -
မင်းအပြစ်မဟုတ်ပါဘူး

သုံးယောက်သား ချင်မြို့ရှိအကြီးဆုံးစားသောက်ဆိုင်အားသွားရန်ပြန်ဆင်နေကြချိန်တွင် အသံပို့ဆက်သွယ်သောမှော်ပစ္စည်းတစ်ခုသည်မိုးကုတ်စက်ဝိုင်းမှနေ၍ ဂျီယွန်ဝေရှေ့သို့မျောလွင့်လာသည်။

ဂျီယွန်ဝေသည် လက်နှစ်ချောင်းအားဆန့်ထုတ်လိုက်ကာ ထိုပစ္စည်းလေးအား ညှပ်၍ဖမ်းလိုက်သည်။ ခဏအကြာတွင်ထိုပစ္စည်းသည်လေထဲတွင်ပြာအဖြစ်ပြိုကွဲပျောက်ပျက်သွားလေသည်။

ဂျီယွန်ဝေ၏မျက်နှာသည် အလန့်တကြားဖြစ်သွားကာ လင်ရွှမ်းဇီနှင့်ယန်ထျန်းဟန် ဘက်လှည့်၍

"ကြည့်ရတာဒီနေ့တော့ပျော်ပျော်ရွှင်ရွှင်နဲ့ မသောက်နိုင်ကြတော့ဘူးထင်တယ် ရှားပါးပြီးရှေးကျတဲ့အမြှီးကိုးချောင်းဝိညာဉ်သားရဲမြေခွေးတစ်ကောင်ကို ရှီလျှန်မှာတွေ့ခဲ့တယ်လို့ပြောတယ် ကျွန်တော်ကိုယ်တိုင်သွားကြည့်မှဖြစ်မယ်အကယ်၍ကံကောင်းမယ်ဆိုရင် ဝိညာဉ်သားရဲအသစ်တစ်ကောင်ရလိမ့်မယ် ကံမကုန်ရင်တော့ပြန်ဆုံကြတာပေါ့"

ရှားပါးတဲ့ ဝိညာဉ်သားရဲအမြှီးကိုးချောင်းမြေခွေး? ဒါဆိုရင် အမြှီးကိုးချောင်းမြေခွေးနဲ့ ဂျီယွန်ဝေရဲ့ဇာတ်လမ်းက စပြီပေါ့!

လင်ရွှမ်းဇီသည် အနည်းငယ်ပြုံးလိုက်ကာ "သင့်ရဲ့ အောင်မြင်မှုအတွက်စိတ်ရင်းနဲ့ဆန္ဒပြုပါတယ် ကျွန်တော်ယုံကြည်ပါတယ် အမြှီးကိုးချောင်းမြေခွေးကိုသင် သေချာပေါက်ရမှာပါ"

ဂျီယွန်ဝေသည် ကျယ်လောင်စွာ တစ်ဟားဟားဖြင့်ရယ်လိုက်ကာ သူ့လက်အားဝှေ့ယမ်း၍

" အမြှီးကိုးချောင်းမြေခွေးပေါ်လာတဲ့သတင်းက အနောက်ဘက်တိုက်ကြီးတစ်ခုလုံးက နတ်ဆိုးသားရဲထိန်းတွေအားလုံးရဲ့နားထဲရောက်သွားလောက်ပြီ။ နတ်ဆိုးသားရဲထိန်းအကုန်လုံးကရှာဖို့ကြိုးစားနေကြမှာပဲ ကျွန်တေ်ာကဒီအတိုင်းပျော်ချင်လို့သွားတာပါ ဒီလိုရှားပါးတဲ့ မျိုးတုန်းခါနီး ရှေးဟောင်းဝိညာဉ်သတ္တဝါမျိုးက အနှစ် ၁၀,၀၀၀ လောက်ကြာမှတစ်ခါပေါ်တာဆိုတော့ ကျွန်တော်က အမြှီးလေးလောက်တစ်စွန်းတစ်စပဲမိရင်တောင်ကျေနပ်ပါပြီဗျာ ဒီထက်ပိုပြီးမမျော်လင့်ရဲပါဘူး ဒါပေမဲ့........"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now