Chapter(160) - နတ်ဆိုးအတတ်ဖြင့်လူများကိုသတ်ခြင်း

5.1K 1K 54
                                    

Unicode

အခန်း(၁၆၀) 

နတ်ဆိုးအတတ်ဖြင့်လူများကိုသတ်ခြင်း

သွမ့်ယွီယန်ကထိုနေ့ကရုတ်တရက် ပေါ်လာပြီးသူ့ကိုခြောက်လှန့်ခဲ့သည့် လင်းချီဂုကိုရှင်းရှင်းလင်းလင်းမှတ်မိ နေသည်။ထိုမြင်ကွင်းကသူ့မှတ်ဉာဏ် ထဲမှာလတ်ဆတ်နေဆဲဖြစ်တာကြောင့် မနေနိုင်ပဲကြက်သီးထမိပြီးလက်ဟန် ခြေဟန်ဖြင့်ပြောလိုက်မိတော့သည်။

"ကိုယ့်ဘာသာကိုယ်သွားကြတော့ ပြီးတော့ဂရုစိုက်ကြဖို့မမေ့နဲ့ဦး...ကောင်း ကင်တောင်ထွတ်မြို့အနီးအနားမှာမြို့သခင် ရဲ့ကင်းစောင့်တပ်တော်တော်များများ ရှိတယ်အဲ့ဒါကြောင့်မင်းတို့အဖမ်းခံရ ရင်သွားပြီပဲ"

ယန်ထျန်းဟန်ကသူ့ကိုယုံကြည်မှု အပြည့်ဖြင့်ပြန်ပြောသည်။

"အားဂုကကျွန်တော်မဟုတ်ဘူးလေ သူကအရမ်းဉာဏ်ကောင်းတယ်အဲ့ဒါ ကြောင့်သူကျိန်းသေပေါက်အလွယ်တ ကူဖမ်းမိမှာမဟုတ်ဘူး"

သွမ့်ယွီယန်ရဲ့နှာခမ်းများရှုံ့မဲ့သွားရ ပြီသူ့ရင်ထဲမှာတွေးမိလိုက်သည်။

ဒီကလေးကသူများကိုတော့ဆက်တိုက် ချီးကျူးနေရင်းတစ်ချိန်တည်းမှာသူ့ ကိုယ်သူတော့ဂရုမစိုက်ဘူးပဲ

လင်ရွှမ်းဇီနှင့်ယန်ထျန်းဟန်တို့ သွမ့်ယွီယန်နှင့်လမ်းခွဲခဲ့ကြပြီးနောက် မှာသူတို့ရပ်နေခဲ့သည့်နေရာတွင်အုပ်စု တစ်စုပေါ်လာခဲ့သည်။

သူတို့ထဲကတစ်ယောက်ကပြောလိုက်၏။

"သူဌေး..သူတို့နဲ့အတူရတနာပစ္စည်း လေးမျိုးပါသွားတယ်အကယ်၍ကျုပ်တို့ သူတို့ဆီကအဲ့ဒီရတနာတွေကိုလုယူပြီး ရောင်းလိုက်နိုင်မယ်ဆိုရင်အစားအ သောက်အတွက်စိတ်ပူစရာမလိုတော့ဘူး"

သူဌေးလို့အခေါ်ခံရသည့်သူ၏မျက်လုံး ထဲတွင်ရက်စက်သည့်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

"သောက်လင်ရွှမ်းဇီဆိုတဲ့ကောင်စုတ် လေးကတကယ်ပဲမာနထောင်လွှားရဲ တယ်ဒီလိုဆိုမှတော့လောင်ဇီကသူ့ကို ဘာကဘာဆိုတာမြည်းစမ်းခိုင်းရတော့ မှာပေါ့"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now