Chapter(181) - အဂ္ဂီရတ်ပညာရှင်မွေးဖွားခြင်း

5.1K 1.1K 124
                                    

Unicode

အခန်း(၁၈၁) - အဂ္ဂီရတ်ပညာရှင်မွေးဖွားခြင်း

လင်ရွှမ်းဇီကပိုမိုမြန်ဆန်စွာတုန့်ပြန် လေသည်။ဆူညံသံကဘေးကပ်ရပ် အခန်းကလို့ဆုံးဖြတ်ပြီးတာနဲသူ့ ဦးနှောက်ကဘာမှမတွေးနိုင်ခင်မှာပဲ အခန်းထဲမှဖိနပ်ပင်မဝတ်နိုင်ပဲပြေး ထွက်သွားပြီးယန်ထျန်းဟန်အခန်းဆီ သို့တည့်တည့်ပြေးသွားတော့သည်။

ယန်ထျန်းဟန်ရဲ့အခန်းတံခါးကပင် ပေါက်ကွဲမှုကြောင့်လွင့်ထွက်သွားပြီး နံရံတစ်ဝက်လောက်ကပြိုကျနေသည်။ အားပိုုင်နဲ့ဟူပိုတို့ကလက်ရှိမှာသစ်သား ပြားတစ်ခုပေါ်ရပ်နေပြီးကြောက်လန့်မှု ကြောင့်တုန်လှုပ်နေကြကာအတော်လေး လန့်သွားကြသည်မှာထင်ရှားသည်။

အလွန်စိုးရိမ်ထိတ်လန့်စွာဖြင့်လင်ရွှမ်းဇီ ကပတ်ပတ်လည်အားလှည့်ပတ်ကြည့် လိုက်သောအခါကျိုးပဲ့နေတဲ့စားပွဲ အောက်မှာယန်ထျန်းဟန်ကနဂိုအတိုင်း လေးလဲကျနေသည်။

"အားဟန်!"

လင်ရွှမ်းဇီရဲ့နှလုံးခုန်နှုန်းကရပ်တန့် သွားတော့မတတ်ပင်။သူကကျိုးပဲ့နေ တဲ့စားပွဲအားလက်ဗလာနဲ့ဆွဲဖယ်လိုက် ပြီးယန်ထျန်းဟန်ရဲ့လည်ပင်းကိုထိကြည့် လိုက်သည်။သူ့မျက်နှာကဖြူဖျော့နေပြီး မျက်နှာပေါ်ကအရောင်အားလုံးပျောက် ကွယ်သွားသလိုပင်။

"အဟွတ် အဟွတ် အဟွတ်...."

ယန်ထျန်းဟန်ကရုတ်တရက်လှုပ်ရှား လာပြီးအရူးတစ်ယောက်လိုချောင်း တစ်ဟွတ်ဟွတ်ဆိုးတော့သည်။

လင်ရွှမ်းဇီသည်စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။သူ့မှာငရဲတံခါးဝ ကိုခရီးထွက်သွားပြီးအခုမှအသက်ပြန် ရှင်လာနိုင်သလိုပင်ခံစားလိုက်ရသည်။

ယန်ထျန်းဟန်ကလင်ရွှမ်းဇီရဲ့အထောက် အပံ့နဲ့ကြမ်းပြင်မှထလာနိုင်သည်။သူ့ မျက်နှာတစ်ခုလုံးကမီးခိုးများနဲ့ဖုန်းနေ ပြီးသူရဲ့ကြီးမားတဲ့မျက်လုံးဝိုင်းကြီးနှစ် လုံးကိုသာမြင်ရတော့သည်။

သူ့ခေါင်းပေါ်ကဆံပင်အများစု သည်လည်းလောင်သွားလေပြီ။

လင်ရွှမ်းဇီရဲ့နှလုံးသားမှာအလွန်နာ ကျင်သွားမိပြီးယန်ထျန်းဟန်အား အနီးဆွဲခေါ်ကာတင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိသည်။သူ့အသံက အနည်းငယ်အက်ရှစွာဖြင့်ပြောလိုက်၏။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now