Chapter(6) - သူတို့ကိုဘယ်သူမှမတားရဲဘူး

13.5K 2K 23
                                    

(Unicode)

အပိုင်း(၆) - သူတို့ကိုဘယ်သူမှမတားရဲဘူး

ထို စကားစုအနည်းငယ်သည် လင်ကျန်ထျန်း၏နားထဲတွင်ထပ်ခါထပ်ခါကြားနေရသည်။ ထိုကိစ္စရပ်ထဲတွင်မပါဝင်ခဲ့သော လင်ကျန်ထျန်းပင် ထို မာနထောင်လွှားနေသည့်ထေ့ထေ့ငေ့ါငေါ့ စကားများအားထပ်မံကြားလိုစိတ်မရှိဖြစ်ရလေ၏။

လင်ကျန်ထျန်း၏မျက်နှာအမူအရာသည် တောင့်တင်းသွားပြီး သူ၏မျက်လုံးများသည် ကြောက်မက်ဖွယ်ကျဉ်းမြောင်းသွားသည်။ ထိုယုတ်ညံ့ရိုင်းစိုင်းသောစကားလုံးများအားအစေခံတစ်ယောက်၏ ပါးစပ်မှထွက်လာသည်မှာ အကြီးအကျယ်တားမြစ်ထားခြင်းကိုချိုးဖောက်ခြင်းပင်ဖြစ်သည်။ထိုသို့ဆိုလျှင်လင်ရွှမ်းဇီ ထိုသူအား သတ်ပြစ်ခြင်းမှာ လက်ခံ၍ရပေသည်။

လင်မိသားစုသည် ထိုသို့သော အစေခံမျိုးမလိုအပ်ပေ။

ထိုသို့သောပြဿနာရှာတတ်သောသူမျိုးသည် သေသွားသည်မှာ သာ၍ကောင်းပြီး သူ့အတွက်ပြဿနာရှင်းပေးလိုက်ခြင်းပင်ဖြစ်သည်။

လင်ရွှမ်းဇီ ၏ဘက်တွင်ပြန်၍ တိတ်ဆိတ် တည်ငြိမ်သွားသည်။

ယန်ထျန်းဟန်သည်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ကာအံကိုကြိတ်၍

" သူတို့ကကျွန်တော့အကိုကြီးကိုအရှက်ခွဲတယ် သူတို့သေဖို့မထိုက်တန်ဘူးလား?"

" ငါဒါကိုသက်သေအဖြစ်နဲ့ယူသွားမယ်"

လင်ကျန်ထျန်းသည် ယန်ထျန်းဟန်အားကြည့်ကာ အသံသွင်းမှန်ကိုယူထားလိုက်သည် ထို့နောက် မြေပြင်ပေါ်တွင်ကြောက်ရွံ့စွာ လေဖြတ်သကဲ့သို့ဖြစ်နေသော တံခါးစောင့်အားတစ်ချက်ပင်လှည့်မကြည့်ပဲ

" နောက်တစ်ခါ အစေခံတွေကိုအပြစ်ပေးချင်ရင် မိန်း တံခါးပေါက်မှာမလုပ်နဲ့"

"ကျေးဇူးတင်ပါတယ်" လင်ရွှမ်းဇီကပြောလိုက်သည်။

သူသည် လင်ကျန်ထျန်းနှင့်အသက်တူတူပင်ဖြစ်သော်လည်း ယခင်က သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် အဆက်အဆံမရှိသလောက်နည်းသည်။ သို့သော်လည်းထိုသူသည် အခြေခံအချက်များအားစွဲစွဲမြဲမြဲ လိုက်နာသူတစ်ဦးဖြစ်ပြီး သူ၏ အတိတ်ဘဝတွင်ရောယခုဘဝတွင်ပါ သူ၏အနိမ့်အကျဆုံးအချိန်တွင် သူ့ကိုကျော်နင်းသွားမည့်သူမဟုတ်ပေ။သူသည်မိတ်ဆွေဖွဲ့ရန်ထိုက်တန်သောသူတစ်ဦးဖြစ်သည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now