Chapter (10) - ကျားပေါက်လေးများအားတောင်းဆိုခြင်း

12.3K 1.6K 24
                                    

Unicode

အခန်း(၁၀) ကျားပေါက်လေးများအားတောင်းဆိုခြင်း

လင်ရွှမ်းဇီသည် " အာရေဘီယံ လက်မှုဖန်တီးသူအဆင့် ကျင့်ကြံသူများစာအုပ်"ထဲမှတစ်ပေခန့်ရှည်သောကျောက်စိမ်းရောင် ကုန်ကြမ်းပစ္စည်းတစ်ခုအား ကျင့်ကြံရန်အတွက်ထုတ်ယူလိုက်သည်။

ဤသည်မှာ " အာရေဘီယံ လက်မှုဖန်တီးသူအဆင့် ကျင့်ကြံသူများစာအုပ်" ၏အခြားထူးခြားမှုတစ်ခုဖြစ်သည်။ ဤလက်စွဲစာအုပ်အားရေးသားခဲ့သော ပုဂ္ဂိုလ်သည် ထိုအထဲတွင် အဖိုးတန်ပြီးရှားပါးသည့်ရတနာတွေကိုတံဆိပ်ခတ်ရန်အထူးနည်းစနစ်အားအသုံးပြုခဲ့သည်။

ကျင့်ကြံသူတစ်ဦးသည် ဤလက်ဆွဲစာအုပ်ထဲရှိနည်းစနစ်များအားကျွမ်းကျင်ပြီး လျှို့ဝှက်တံဆိပ်များအား ဖေါ်ထုတ်နိုင်သည်ဆိုပါက ရှားပါးသောဘဏ္ဏာတိုက်ကြီးတစ်ခုထွက်ပေါ်လာခြင်းပင်ဖြစ်သည်။

အတိတ်ဘဝတွင်လင်ရွှမ်းဇီသည် ဤလျှို့ဝှက်ဆန်းကျယ်သည့် ရေခဲ ကျောက်စိမ်းရတနာမျိုးအားလက်ဝယ်ရရှိရန်မဖြစ်နိုင်ပေ။ ပထမအချက်မှာသူသည် အောင်မြင်မှုရရန်အလွန်စိတ်အားထက်သန်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့်သူသည်လုံလောက်သောလေ့ကျင့်မှုမလုပ်ခင်နောက်ခြေလှမ်းသို့တက်လှမ်းခဲ့သည်။ ဒုတိယအချက်အနေဖြင့် သူသည် သူ့အရင်းအမြစ်အား အလုံးစုံဖျက်စီးကာ ကျင့်ကြံသူတစ် ဦး ၏လမ်းကြောင်းမှတစ်ဆင့်ပြန်လည်စတင်ရန် မပြုလုပ်ရဲခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်သူသည်သူ၏အခွင့်အရေးများအားလုံးအားဆုံးရှုံးသွားရသည်။

လင်ရွှမ်းဇီသည် ရွှေစတစ်သောင်းမျှတန်သည့် ဤလျှို့ဝှက်ဆန်းကျယ်သည့် ရေခဲ ကျောက်စိမ်းရတနာအားအရွယ်အစားပြုပြင်လိုက်သည်။ သူ့အတွေးများပြောင်းလဲသွာကာ မျက်လုံးများသည်ထောင့်ကပ်သွားသည် သူ၏နှတ်ခမ်းစွန်းများသည် ကိစ္စတစ်ခုအားစဉ်းစားမိလိုက်သလိုပင် အထက်သို့တွန့်ကွေးကာပြုံးသွားလေသည်။

သူသည်လန်ကျန် ချန်ထားပေးခဲ့သည့်အခြေခံအဆင့်ဆေးတစ်လုံးအား စွမ်းအင်သိုလှောင်အိတ်ထဲမှ ထုတ်လိုက်ကာ လောင်ကျွမ်းစေလေသည်။ ထို့နောက်အလျင်အမြန်ပင် လက်နှစ်ဖက်လုံးနှင့် လက်စည်းတံဆိပ်အားစတင်ဖော်ဆောင်လိုက်သည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now