Chapter(43) - အကြီးအကျယ်အရှက်ရခြင်း

9.2K 1.5K 84
                                    

Unicode

အခန်း(၄၃)
အကြီးအကျယ်အရှက်ရခြင်း

ယန်ထျန်းဟန်သည် ခိုင်မာတဲ့အဆင့် ကျင့်ကြံသူနှင့်ရင်ဆိုင်နေရသော်လည်းမျက်နှာတစ်ချက်မပျက်သွားပေ။

"ကျွန်တော့်အကိုကြီးကနေမကောင်းလို့အိမ်ကထွက်လာလို့မရဘူး ဒါပေမဲ့ကျွန်တော်ကသူ့ကိုကိုယ်စားပြုဖို့အတွက်လုံလောက်ပါတယ်"

"အဓိပ္ပါယ်မရှိတာ !!! လင်မိသားစုကရောဒီလိုဆိုးရွားတဲ့လုပ်ရပ်ကိုသိလား? "
ဟန်ဝူယွင်သည်ဒေါသထွက်စွာအော်ဟစ်တော့သည်။

အကယ်၍ ဟန်တွေကစေ့စပ်ပွဲကိုဖျတ်သိမ်းခြင်းဆိုပါက ဒါကသူတို့ရဲ့ပြဿနာဖြစ်သည် သို့သော် စေ့စပ်ပွဲကိုဖျတ်သိမ်းတာကတစ်ခြားတစ်ဖက်ဆိုပါက ထိုဖြစ်ရပ်သည်သူတို့အားလုံးဝမျက်နှာပျက်စေမည်ဖြစ်သည်။ ထို့အပြင် လင်ရွှမ်းဇီ ၏ဂုဏ်သတင်းကိုတိုက်ကြီးတစ်လျှောက်တွင်လူသိများသည်။ သူသည်ယခုအခါအသုံးမကျသည့်လူဖြစ်သွားပြီကို လူတိုင်းကသိကြသည်။ အကယ်၍ တစ်ခြားသူများကသူတို့ဟန်မိသားစု၏အရည်အချင်းအရှိဆုံး လက်မှုပညာရှင် သခင်ငယ်လေးအား ထိုသို့သော လူတွေရဲ့ဥပမာတစ်ခုဖြစ်သည့် အမှိုက်၏ စေ့စပ်မှုဖျက်သိမ်းရန်တောင်းဆိုခြင်းကိုခံရသည်ဆိုပါက ဟန်မိသားစုအတွက်တော့လုံးဝမျက်နှာထားစရာရှိတော့မည်မဟုတ်ပါလော?

ဟန်ဝူယွင် သည်ဒေါသထွက်လွန်းသောကြောင့်နှတ်ခမ်းများပင် တွန့်ကွေးနေတော့သည်။

ယန်ထျန်းဟန် ကပြောလိုက်သည်

"ဒီ လက်ထပ်ပွဲက ကျွန်တော့အဖေနဲ့ ဟန်ယူရန်ရဲ့အမေဘက်ကဆွေမျိုးတွေက သဘောတူထားတာဖြစ်ပါတယ်။ အခုကကျွန်တော့အဖေလည်းမရှိတော့ဘူး ဟန်ယူရန်အမေဘက်ကသူတွေကလည်းကွယ်လွန်ကုန်ကြပြီဆိုတော့ နှစ်ဖက်လုံးရဲ့တာဝန်ရှိသူတွေကလည်းမရှိတော့ဘူး အဲ့ဒါကြောင့်ကျွန်တော့အကိုကြီးကသူ့ဘာသာသူဆုံးဖြတ်နိုင်ပါပြီ"

ဟန်ယူရန်သည်စေ့စပ်ညှိနှိုင်းမှုကိုဖျက်သိမ်းရန်တောင်းဆိုခံရခြင်းအား ထိတ်လန့်နေသည်မှ ရုန်းထွက်လိုက်ပြီးနောက် ခက်ထန်သောအသံဖြင့်ပြောလိုက်သည်

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now