Unicode
အခန်း(၉၄) - အကုန်လုံးကို ယွီယန်ကအရူးလုပ်ခြင်း
"လေလံအိမ်?" ယန်ထျန်းဟန်၏မျက်လုံးများမှာချက်ချင်းပင်မြင့်တက်သွားတော့သည်။
"အဲ့ဒါသွမ့်မိသားစုကပိုင်တဲ့ ကံကြမ္မာရဲ့စာလုံး လေလံအိမ်လား?"
"အမှန်ပဲ!" လင်ရွှမ်းဇီကခေါင်းညိမ့်ပြကာဖြေလိုက်ရင်းဆက်မေးလိုက်သည်။
"ငါတို့သွမ့်အိမ်တော်ကိုအရင်သွားကြမလား?"
"ကောင်းပြီလေ! အဲ့ဒါဆိုကျွန်တော်လည်းကိုကိုယွီယန်ကိုတွေ့လို့ရတာပေါ့...."
အားပိုင်နှင့်ဟူပိုတို့ကတစ်ကောင်နှင့်တစ်ကောင်အလုအယက်ပြေးလာကြသည်။အားပိုင်ကယန်ထျန်းဟန်အားမြင်သောအခါအမြှီးလေးကိုလှုပ်ခါပြလိုက်လေ၏။
ယန်ထျန်းဟန်ကအားပိုင်ကိုကောက်ချီလိုက်ပြီးလင်ရွှမ်းဇီကိုပြောလိုက်သည်
"အကိုကြီး....အားပိုင်ကနတ်ဆိုးမွှေ့လျော်အသီးကိုစားခြင်နေတယ်...အကိုကြီးမှာရှိသေးလား?"
လင်ရွှမ်းဇီကနတ်ဆိုးမွှေ့လျော်အသီးနှစ်ခုအားထုတ်လိုက်ကာတစ်ကောင်စီကိုပေးလိုက်သည်။
အားပိုင်မှာသူ့ဝေတာနတ်ဆိုးမွှေ့လျော်သီးအားစားပြီးသောအခါအလွန်ကျေနပ်အားရစွာဖြင့်ယန်ထျန်းဟန်၏ရင်ခွင်ထဲမှနေ၍ချစ်စရာကောင်းသည့်ပုံစံလုပ်ပြနေပြီးပွတ်သပ်နေတော့သည်။
ဟူပိုသည်လည်းသူ့ဝေတာကိုဖြည်းငြင်းစွာစားနေသော်လည်းသူတစ်မြုံ့မြုံ့ဝါးနေသည့်ပုံကိုကြည့်ခြင်းဖြင့်ထိုအသီးအားဘယ်လောက်တောင်ကြိုက်နှစ်သက်သည်ကိုပြောနိုင်လေ၏။
လင်ရွှမ်းဇီကရုတ်တရပ်ပင်တွေးလိုက်မိသည် : အတိတ်တုန်းကဒီကျားပေါက်လေးနှစ်ကောင်ဟန်ယူရန်နဲ့ထွက်ပြေးသွားခဲ့တုန်းကသူတို့ကိုဒီနတ်ဆိုးမွှေ့လျော်သီးကိုများလုံလုံလောက်လောက်ကျွေးခဲ့လို့များလား?
ဒါပေမဲ့သေချာတာပေါ့ထိုအယူအဆသည်ဟာသတစ်ခုမျှသာဖြစ်၏။
..............
YOU ARE READING
(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်း
RomanceMyanmar Translation Genre: Adventure, Cultivation, Xianxia, BL ပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီ သည်သူ၏အတိတ်ဘ ၀ တွင်ကမ္ဘာကြီးကိုမလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန် ကိုသစ္စာဖောက်ခဲ့သည်။ သူ၏အရင်းနှီးဆုံးသူငယ်ချင်းများ၊ ဆရာများနှင့်တပည့်တော်များကသ...