Chapter(157) - ပိုင်သခင်လေး

4.8K 1K 136
                                    

Unicode

အခန်း(၁၅၇) - ပိုင်သခင်လေး

ပိုင်လီယွင်စုန့်ကအသက်ကို ပြင်းပြင်းရှုလိုက်ပြီးတိတ်တဆိတ် ဆယ်ကြိမ်မျှရေရွတ်နေသည်။

'မင်းညီလေးကိုမင်းရိုက်လို့မရဘူး.. မင်းညီလေးကိုမင်းရိုက်လို့မရဘူး'

ထို့နောက်တစ်ဖြည်းဖြည်းချင်းဆီ အသက်ရှုထုတ်လိုက်ကာအံကိုကြိတ် ၍ပြောလိုက်၏။

"ပိုင်လီယွင်ရှန်...ငါမင်းကိုအပြင်မှာ မို့လို့မရိုက်ရဲဘူးလို့ထင်မနေနဲ့နောက် ထပ်မေးခွန်းတစ်ခုထပ်မေးကြည့်လိုက် စမ်း....ငါမင်းကိုကြိတ်ခြေပစ်လိုက်မယ်!"

ပိုင်လီယွင်ရှန်ကချက်ချင်းပင် မျက်နှာလိုမျက်နှာရပြုံးလိုက်ပြီး ပိုင်လီယွင်စုန့်ရဲ့လက်နောက်ကို ကုတ်လိုက်ကာနာခံမှုရှိရှိပုံစံလေးဖြင့် ပြန်ပြောလိုက်သည်။

"ဒုတိယအကိုကြီး..ဒုတိယအကိုကြီး ကျွန်တော်မှားသွားပါတယ်...အကိုကြီး ကဒီလိုလှည့်ကွက်မျိုးကစားတတ်တဲ့ သူမဟုတ်ဘူးဆိုတာကျွန်တော်သိတာ ပေါ့ကျွန်တော့ရဲ့ဒုတိယအကိုကြီးက ဖြောင့်မှန်ပြီးရိုးသားတဲ့သူမျိုး....အကို ကအရမ်းကိုကောင်းတဲ့သူ!"

ပိုင်လီယွင်စုန့်ကမျက်လုံးကို လှည့်လိုက်ပြီးမျက်နှာကိုစင်ဘက် သို့ပြန်လှည့်လိုက်တော့သည်။

"ဂရုတစိုက်သေချာကြည့်ပြီးအကုန် လုံးကိုမှတ်ထားငါတို့ပြန်ရောက်ရင် လူတွေလွှတ်ပြီးအဲ့ဒီပစ္စည်းတွေကို ရှာခိုင်းလိုက်မယ်"

ပိုင်လီယွင်ရှန်ကခေါင်းကိုခါယမ်းပြ လိုက်ပြီးဝမ်းနည်းစွာပြောလိုက်သည်။

"အဲ့ဒီပစ္စည်းတွေထဲကအများစုက တိုက်ကြီးငါးတိုက်လုံးမှာရှာမတွေ့ မှာကိုပဲစိုးမိတယ်အကယ်၍သူတို့ရှိ တယ်ဆိုရင်တောင်ကျွန်တော်တို့အဲ့ဒါ တွေကိုစူးစမ်းဖို့မလွယ်တဲ့ထူးဆန်းတဲ့ မြေမျိုးမှာမတော်တဆခလုပ်တိုက်မိ မှပဲဖြစ်လိမ့်မယ်...တစ်ချို့ပစ္စည်းတွေ ဆိုမျိုးသုဉ်းပြီးသားတောင်ဖြစ်နိုင်တယ် အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့အရင်းအ မြစ်တွေကိုမဖြုန်းတီးပါနဲ့"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now