Chapter(149) - ဂရုစိုက်သွားပါ....ကျုပ်ခင်ဗျားကို ပြန်မပို့တော့ဘူး

5.3K 1K 29
                                    

Unicode

အခန်း(၁၄၉) ဂရုစိုက်သွားပါ....ကျုပ်ခင်ဗျားကို ပြန်မပို့တော့ဘူး

လင်ရွှမ်းဇီကအနည်းငယ်ပြုံး လိုက်လေသည်။

"အဲ့ဒါတွေအကုန်လုံးကလွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းကကျုပ်တို့လို တတိယတန်းစားမိသားစုတွေရှေ့မှာ အာဏာပြခဲ့တဲ့ကောင်းကင်တောင် ထွတ်မြို့တော်ကပထမအဆင့်အထက် တန်းလွှာမိသားစုတွေကိုပဲကျေးဇူးတင် ရမှာပဲ...မြွေကိုက်တာတစ်ခါခံပြီးရင် ကြိုးကိုဆယ်နှစ်လောက်ကြောက်သွား တယ်တဲ့...အခုတတိယအဆင့်မိသားစု တွေအနေနဲ့ပထမဆုံးရိုက်တဲ့သူက အောင်မြင်ပြီးနောက်မှပြန်ရိုက်တဲ့သူ တွေကပျက်စီးသွားမယ်ဆိုတာနားလည် နေကြပြီလေ..ကြည့်ရတာတော့လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းကသင်ခန်းစာကမိသားစု တွေအပေါ်မှာမပျောက်ပျက်နိုင်တော့တဲ့ စိတ်ပိုင်းဆိုင်ရာအရိပ်တစ်ခုဖြစ်ကျန်ခဲ့ပုံပဲ"

ဟွမ်ဖူဂျင်မှာတံတွေးပင်သီးသွားမိပြီး ဘာတစ်ခွန်းမှပြန်မပြောနိုင်တော့ပေ။ လင်ရွှမ်းဇီကဒီလိုပြောင်မြောက်လှတဲ့ ပြောင်ပြောင်တင်းတင်းနည်းလမ်းအား ကောင်းစွာကစားနိုင်ခဲ့သည်လေ။

"ငါလည်းအဲ့ဒီနှစ်တုန်းကဖြစ်ခဲ့တဲ့ အကြောင်းကိုကြားဘူးတယ်"

ခပ်ဖျော့ဖျော့အပြုံးတစ်ခုနှင့်အသံ တစ်ခုကဟွမ်ဖူဂျင်ရဲ့နောက်မှထွက် ပေါ်လာခဲ့သည်။လန်ဂျီရွှယ်ရဲ့ပုံပန်းသွင် ပြင်ကလူတိုင်းရဲ့မျက်လုံးများကိုချက် ချင်းပင်ဆွဲဆောင်နိုင်လိုက်၏။

လန်ဂျီရွှယ်ကလင်ရွှမ်းဇီအားအပြုံး တစ်ခုဖြင့်ကြည့်လိုက်လေသည်။

"ဒီနေ့ရဲ့အဖြစ်ကိုမှန်းဆကြည့်မယ် ဆိုရင်အားဂျင်ကသူ့တာဝန်တွေကို လျစ်လျုရှုထားမှာပဲစိုးမိတယ်"

လင်ရွှမ်းဇီကသူ့မျက်လုံးများကိုမြှင့် လိုက်ပြီးလန်ဂျီရွှယ်အားစိုက်ကြည့် လိုက်သည်။

ဒီလူကိုနောက်ဆုံးတွေ့ခဲ့တာဘယ် လောက်တောင်ကြာသွားပြီလဲဆိုတာ ကိုတောင်သူမမှတ်မိနိုင်တော့ပဲနောက် ပိုင်းမှာသူ့ပုံစံကဘယ်လိုလဲဆိုတာကိုပင် ပြန်တွေးကြည့်လို့မရတော့ပေ။ လင်ရွှမ်းဇီသူ့ကိုရံဖန်ရံခါသတိရမိသည့် အခါတိုင်းမှာလည်းသူ့စိတ်ထဲမှာပေါ်လာ ခဲ့သည့်တစ်ခုတည်းသောမှတ်ဉာဏ်က နွေရာသီလေးညှင်းလေးလိုအပြုံးတစ်ခု နှင့်တစ်နှစ်ပတ်လုံးနွေးထွေးသည့် အဝတ်များအထပ်ထပ်ဝတ်ထားရသည့် အေးစက်နေသည့်ခန္တာကိုယ်တစ်ခုကိုသာပင်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now