Chapter (193) - သနားစရာကောင်းတဲ့တစ်ယောက်က တာဝန်ယူပေးလိုက်ရသည်

Start from the beginning
                                    

သူသည်လည်းစတုတ္တအကြီးအကဲ ပိုင်ရဲ့အတိတ်ကိုဆုကျစ်ရှင်ထံမှလေ့လာ သင်ယူခဲ့ခြင်းဖြစ်သည်။

ထို့နောက်နှစ်အနည်းငယ်အကြာမှာ စတုတ္တအကြိးအကဲပိုင်ကလက်မှု ပညာရှင်မဟာမိတ်အဖွဲ့မှကျင့်ကြံသူ တစ်ချို့ခြံရံပြီးတိုက်ကြီးငါးတိုက်ရဲ့ အဓိကကုန်းမြေကြီးမှမြို့ကြီးတစ်မြို့ ကိုအကြောင်းအရင်းမရှိပဲသတ်ဖြတ် ပစ်ခဲ့သည်။ထိုအချင်းအရာကိုကြည့် ခြင်းဖြင့်ဆုကျစ်ရှင်ရဲ့စကားများက အမှားအယွင်းမဟုတ်ဘူးဆိုတာ တွက်ချက်လို့ရနိုင်သည်။

အကယ်၍အဲ့ဒါကနက်ရှိုင်းလှတဲ့ မုန်းတီးမှုမဟုတ်ပါရင်ဘယ်လိုများ စတုတ္တအကြီးအကဲပိုင်ကဒီလောက် နှစ်တွေအများကြီးကြာခဲ့တာတောင် အဲ့ဒီလူတွေကိုမလွှတ်ပေးနိုင်ခဲ့မှာလဲ?

ဆုကျစ်ရှင်..ရှန်ချောင်ကွန်းး

လင်ရွှမ်းဇီကထိုနှစ်ယောက်ကိုတွေး မိသည်နှင့်သူ့အကြည့်များကပိုပြီးယေ အေးစက်လာခဲ့သည်မှာမြောက်ပိုင်း ရှင်းဂျန်းပြည်ကိုဖုန်းအုပ်ထားတဲ့ နှင်းခဲများလိုပင်။

*****

ပိုင်အိမ်တော်...

လင်ဇီဂျီကစတုတ္တအကြီးအကဲ ကိုပြန်လိုက်ပို့ပေးသည်။သူပိုင် အိမ်တော်ဝင်ပေါက်ကိုမရောက်ခင် မှာပဲပိုင်အိမ်တော်ရဲ့ဂိတ်တံခါးကြီး ကကောင်းစွာဖွင့်ထားသည်ကို အဝေးမှလှမ်းမြင်လိုက်ရသည်။

လင်ဇီဂျီမှာအံ့အားသင့်သွားရသည်။ သူကမျက်နှာမှာအပြုံးတစ်ခုနှင့် ဘေးတစ်ဖက်တစ်ချက်ကိုယိုင်ထိုး နေသည့်စတုတ္တအကြီးအကဲအား ကြည့်လိုက်ပြီးအနည်းငယ်တုန်ယင် စွာစဉ်းစား၍သူ့ကိုတွဲပေးဖို့တွေးလိုက် မိသည်။

သို့သော်သူကစတုတ္တအကြီးအကဲ ပိုင်၏တွန်းထုတ်ခြင်းအားခံလိုက် ရလေသည်။

သူတို့ဝင်ပေါက်ဝကိုရောက်သောအခါ လင်ဇီဂျီမှာထိုမနက်ကသူမြင်ခဲ့ရသည့် အကြီးအကဲနှစ်ယောက်ကဝင်ပေါက် မှာအတူတူရှိနေတာကိုမြင်ပြီးဘာပြော ရမလဲမစဉ်းစားရသေးဘူးဖြစ်နေရသည်။

"ပြန်လာပြီလား?" ပထမအကြီးအကဲပိုင်က စိတ်မရှည်တဲ့မျက်နှာနဲ့မေးလာသည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now