Chapter (193) - သနားစရာကောင်းတဲ့တစ်ယောက်က တာဝန်ယူပေးလိုက်ရသည်

Start from the beginning
                                    

သူ့အတိတ်ဘဝတုန်းကလည်းလက်မှု ပညာရှင်မဟာမိတ်အဖွဲ့ကအောင်မြင် စွာတည်ထောင်နိုင်ခဲ့သည်။သို့သော် စတင်တည်ထောင်သူကသူမဟုတ်ခဲ့ တာသာရှိသည်။အဲ့ဒီအချိန်တုန်းက သူလည်းလက်မှုပညာရှင်မီးဝိဉာဉ် ကိုမနှိုးထနိုင်သေးတာကြောင့်သူ့နဲ့ လက်မှုပညာရှင်မဟာမိတ်အဖွဲ့က ဘာမှသက်ဆိုင်မှမရှိပေ။

လက်မှုပညာရှင်မဟာမိတ်အဖွဲ့ရဲ့ တည်ထောင်သူကဆုကျစ်ရှင်ဖြစ်သည်။ သူကအထက်တန်းလွှာဆုမိသားစုမှ အငယ်တန်းမျိုးဆက်သစ်တစ်ယောက် ဖြစ်ပြီးတိုက်ကြီးငါးတိုက်လုံးမှာလည်း လူသိများကျော်ကြားတဲ့လက်မှုပညာ ရှင်တစ်ယောက်ဖြစ်၏။

လက်မှုပညာရှင်မဟာမိတ်အဖွဲ့ကို သူတည်ထောင်ရသည့်အကြောင်း အရင်းကတော့လောလောဆယ်မှာ စီစစ်နိုင်မှုထက်ကျော်လွန်နေခဲ့သော် လည်းထိုလက်မှုပညာရှင်မဟာမိတ် အဖွဲ့ကသူ့အတွက်များပြားလှတဲ့ အကျိုးရလဒ်များယူလာပေးခဲ့သည်- ကျော်ကြားမှု၊နောက်လိုက်၊ရွှေနှင့် အဆက်အသွယ်များ.......

ဒါ့ကြောင့်လည်းသူကအစပိုင်းမှာ ယန်ထျန်းဟန်ကိုကြားဖြတ်သတ် ဖြတ်နိုင်ရန်အခြားသူများနှင့်အဆင် ပြေစွာညှိနှိုင်းနိုင်ခဲ့သည်။

လင်ရွှမ်းဇီကတော့လက်မှုပညာရှင် မဟာမိတ်အဖွဲ့နှင့်ပတ်သတ်ရင်ဘာ ခံစားချက်မှရှိမနေပေ။အမှန်အတိုင်း ပြောရရင်သူကထိုအဖွဲ့အစည်းရဲ့တည် ရှိမှုကိုပင်မုန်းတီးလှသည်။

သို့သော်အကယ်၍လက်မှုပညာရှင် မဟာမိတ်အဖွဲ့ကမလွဲမရှောင်သာ တည်ရှိရမှာဆိုရင်အဲ့ဒါကိုဖယ်ထုတ် ဖို့ကြိုးစားခြင်းထက်သူ့ရဲ့ကျော ထောက်နောက်ခံအဖြစ်ပြောင်းလဲလိုက် ခြင်းကပိုပြီးကောင်းလိမ့်မည်။

အဲ့ဒီနေ့ကဆုကျစ်ရှင်မူးနေတဲ့အချိန်မှာ သူ့ကိုပြောခဲ့တဲ့စကားကိုလင်ရွှမ်းဇီ ရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်

"လက်မှုပညာရှင်မဟာမိတ်အဖွဲ့ရဲ့ ကိစ္စအများစုကိုကိုင်တွယ်တာက စတုတ္တအကြီးအကဲပိုင်လေအကယ်၍ ငါသာစတုတ္တအကြီးအကဲပိုင်ငယ် ငယ်တုန်းကြုံတွေ့ခဲ့ရတဲ့အကြောင်း အရင်းကိုမသိခဲ့ဘူးဆိုရင်ငါရဲ့ကိုယ် ပိုင်စွမ်းရည်ကိုရှာတွေ့ခဲ့မှာမဟုတ်ဘူး"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now