အခန်း(၁၉)/အခနျး(၁၉)

En başından başla
                                    

ရှောင်​ယဲ့ ​အေးစက်​စက်​အသံ​နေအသံထားနဲ့ ​ပြောလိုက်​သည်​။
"မင်းအမှားကို မင်းသိတယ်​မလား?"

ဝမ်​ကျို သူ့နှုတ်​ခမ်း​တွေကို ခပ်​တင်းတင်းစိလိုက်​သည်​က မ​ပြောချင်​တဲ့အသွင်​မျိုး ​ဆောင်​​နေသည်​။ ဒါ​ပေမဲ့ ​နောက်​ဆုံး​တော့ အချိန်​​တော်​​တော်​ကြာပြီးတဲ့​နောက်​မှာမှ စကား​ပြောလာသည်​။
"ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​"

"ဘာကို 'ကျွန်​​တော်​​တောင်းပန်​ပါတယ်​' လဲ?"

"ကျွန်​​​တော့်​ကိုကျွန်​​တော်​ မထိန်းလိုက်​နိုင်​တာကို.....ကျွန်​​တော်​​တောင်းပန်​ပါတယ်​။ ကျွန်​​တော်​အရမ်းကို တစ်​ကိုယ်​​ကောင်းဆန်​တာပဲ.....ကျွန်​​တော်​ ရွှဲကျန်းကို ဒုက္ခမ​ပေးခဲ့သင့်​ဘူး။"
သူ့အသံက အနည်းငယ်​ ကတုန်​ကယင်​ ဖြစ်​​နေသည်​။

ရှောင်​ယဲ့ စိတ်​ပူသွားပြီး မျက်​​မှောင်​ကြုတ်​မိသွားသည်​။
"မင်းကို ဘယ်​သူ​ပြောတာလဲ? ဘာလို့ မင်းက အဲ့​နေရာမှာ ဘာလှုပ်​ရှားမှုမရှိဘဲရပ်​​နေရတာလဲ? ပြီး​တော့ ဘာလို့ အခုလိုမျိုး တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်​​နေရတာလဲ? တကယ်​လို့ ငါသာ တကယ်​ပဲ အမှတ်​အသားအလုပ်​ခံလိုက်​ရရင်​ မင်းဘာလုပ်​မှာလဲ?"

စက္ကန့်​ခဏ​နောက်​ ဝမ်​ကျို တိတ်​ဆိတ်​သွားပြီး...
"အဲ့တာဆို....အဲ့တာဆို....ကျွန်​​တော်​ အ​ဆောင်​ခန်းက​နေ ဖယ်​​ပေးမယ်​​လေ"

ရှောင်​ယဲ့ရဲ့ နားထင်​မှာရှိတဲ့ ​သွေးပြန်​​ကြော​တွေက ခဏအတွင်းမှာ တဒုတ်​ဒုတ်​ကိုက်​ခဲလာသည်​။

သင်​ခန်းစာမ​ပေးဘဲ သူတို့၂​ယောက်​ တကယ်​ ​ရှေ့ဆက်​လို့မရ​နိုင်ေ​​တာ့တဲ့ပုံပဲ။

သူ တည့်​တိုးပဲ​မေးလိုက်​သည်​။ "ငါ မင်းကို ထိုးလို့ရလား?"

အသက်​ကိုခပ်​ပြင်းပြင်းရှူလိုက်​ပြီး ဝမ်​ကျို သူ့မျက်​လုံး​တွေကို မှိတ်​လိုက်​သည်​။ သူ မျက်​လုံး​တွေကို ​နောက်​တစ်​ကြိမ်
ပြန်​ဖွင့်​လိုက်​ချိန်​မှာ​တော့ သူ့မျက်​လုံး​တွေက အနီ​ရောင်​ရစ်
သိုင်းေ​နသည်​။ 

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Hikayelerin yaşadığı yer. Şimdi keşfedin