Part - 7(Unicode)

2.2K 135 1
                                    

( ချောင်းသာ ဒုတိယနေ့ )

" အား . . ."

ဇွဲဆု အိပ်ယာနိုးနိုးချင်း ဗိုက်ကိုတစ်ချက်
နှိပ်ကာညည်းလိုက်သည်။

ကိုရွှေဗိုက်က မနက်စောစောစီးစီး
ရစ်ကာနာနေပြီ မနေ့ညက ဝိုင်လေးနှစ်ခွက်
လောက်နဲ့ ငါးကင်လေး မဆိုစလောက်
စားမိထားတာတောင် သူဗိုက်ကမခံနိုင်။

သူ အိပ်ချင်မူးတူးနဲ့ အိပ်ယာပေါ်ကဆင်းကာ
အိမ်သာထဲ ပြေး၀င်ခဲ့လိုက်သည်။

"" ဗျစ် . . .ဘလစ် . . .ဘွတ် " 😝

" အား . . . .ကောင်းလိုက်တာ "

အားနဲ့ ညှစ်ချလိုက်တာမို့ ဗိုက်တစ်ခုလုံး
ရှင်းလင်း ပေါ့ပါးသွားသည် ။

အသံတွေကလည်း သံစုံတီးဝိုင်းးပမာ
စုံလင်လျက် 😁

" အို နံလိုက်တာ"

အနံ့တွေ လှိုက်ခနဲတတ်လာတာမို့ သူ
လက်နဲ့ ဝှေ့ရမ်းလိုက်ရင်း လူကလည်း
အိပ်ချင်နေတာမို့ မျက်လုံးလေး မှိန်းကာ
ဘိုထိုင်ပေါ်ဆက်ထိုင် နေလိုက်သည်။

ရုတ်တရက် သူဘေးက ရေပန်း နဲ့
အိမ်သာကိုခြားထားသော ခန်းဆီးစကို
တစ်ယောက်ယောက်က ဆွဲဖွင့်လိုက်သည်၊

" အာား း း း း း "

" အား း း း း း "

ဟိုတယ်တစ်ခုလုံး ဇွဲဆု နဲ့ နေရောင်လင်းရဲ့
အော်သံတွေ ဆူညံသွားသည်။

ခန်းဆီးနောက်ကွယ်မှာ ရေချိူးပြီးတော့
အ၀တ်မပါပဲ မိမွေးတိုင်း ဖမွေးတိုင်း
အတိုင်း ၀တ်စလစ်နဲ့ ထွက်လာသော
ရေစိုနေသည့် ခန္ဓာကိုယ်နဲ့ နေရောင်လင်းရယ်

ညအိပ်ဘောင်းဘီကို ဒူးနားအထိချွတ်လျက်
ဘိုထိုင်မှာ စိမ်ပြေနပြေပါနေသော ဇွဲဆုရယ်😂

မထင်မှတ်ထားတာတွေမြင်လိုက်တာမို့
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
လန့်သွားကာ ငယ်သံပါအောင်
အော်လိုက်ကြတာ ဖြစ်သည်။

ဇွဲဆုဟာ ခြေဖျားလက်ဖျားတွေ
အေးစက်သွားလျက် အိပ်ချင်ပြေသွားသလိုပင်
ဖြစ်ကာ စပ်ဖြီးဖြီးနဲ့ ရယ်ပြလိုက်သည် ။

 Dear my love ( Completed )On viuen les histories. Descobreix ara