Ending ( Unicode)

978 29 0
                                    

ပြန်ဆုံပြီး သုံးလအကြာ 💙

" မိန်းမရေ မနက်စာ ပြင်ပြီးပြီလား "

ဇွဲဆု က အိပ်ခန်းထဲကထွက်လာကာ
အော်လိုက်တာကြောင့် နေရောင်က
ပေါင်မုန့်မီးကင်နေရင်းမှ မျက်စောင်းလှမ်းထိုး
လိုက်သည်

" အကို ကျွန်တော့်ကို အဲလို မခေါ်ပါနဲ့ဆိုဗျာ "

" အကျင့်ပါနေလို့ပါ မိန်းမရ "

ဇွဲဆု တစ်ယောက်ဟာ အချစ်တွေထဲ
ပျော်ဝင်ကာ ဘယ်လိုမှ မထိန်းနိုင်
မသိမ်းနိုင်တော့

အခုလည်း နေရောင့်ခါးကို နောက်ကနေ
သွားဖက်လျက် အနားကနေကို ခွာတယ်မရှိ

" အကို ဖယ်ဦး စားပွဲမှာ ထိုင်စောင့်နေ
ကျွန်တော် ကြက်ဥ ကြော်လိုက်ဦးမယ် "

" အွန်းပါ မိန်းမ သဘော "

ဇွဲဆု က ထမင်း စားပွဲမှာ ထိုင်စောင့်
နေရင်းကနေ ဝီဝီကို့ ပွေ့ချီကာ
ပွတ်သပ်ပေးနေသည်

ဒယ်ဒီနဲ့မာမီကလည်း သူတို့ကိစ္စကို
ခွင့်ပြုလိုက်ပြီး သူတို့နှစ်ယောက်အတွက်
ကွန်ဒို တစ်ခန်း ဝယ်ပေးခဲ့သည်

နေရောင့်အမကလည်း သားလေးမွေးလိုက်တာ
ဖြစ်ပြီး ယောက်ဖကလည်း ပြန်လာသဖြင့်
သူတို့ နှစ်ယောက်အတူတူနေကျတာ
သုံးလတောင် ကြာခဲ့ပြီ ဖြစ်သည်

တရားဝင် လက်မှတ်မထိုးရသေးသော်လည်း
နှစ်ယောက်အတူနေရတာဟာ ကြည်နူးစရာတော့
ကောင်းလှတာပြီး ဇွဲဆု အဖေ ရဲ့ Company
မှာပဲ နှစ်ယောက်စလုံး အတူတူ အလုပ်ဝင်
လိုက်တာကြောင့်  အစစအရာရာ
အဆင်ပြေလှတာပင်

" ကဲ စားလို့ရပြီ "

နေရောင်က ပေါင်မုန့်မီးကင်နဲ့
ကြက်ဥကြော်ကို စားပွဲမှာလာချပေးတာကြောင့်
ဇွဲဆုက မိန့်မိန့်ကြီး ပြုံးလိုက်ကာ

" ငါ့ မိန်းမ လက်ရာ စားကောင်းမှာပဲ "

ဟု ဆိုလိုက်တာကြောင့် နေရောင်က
အံကြိတ်ပြလိုက်သည်

" ဝီဝီ ဒီနေ့ မင်းသခင်ကို ငါခေါ်သွားစရာ
နေရာရှိတယ် အိမ်ကို သေချာစောင့်ရှောက်
ထားနော် " 

ဇွဲဆု က ဝီဝီခေါင်းလေးကို ပုတ်ရင်း
ပြောလိုက်သည်။ ထို့နောက်နှစ်ယောက်လုံး
ရေမိုးချိူးပြင်ဆင်ကာ တစ်နေရာကို
ထွက်လာခဲ့သည်

ဇွဲဆု သွားနေသော နေရာဟာ ဂျူဂျူး
လှဲလျောင်း အိပ်စက်နေတဲ့ နေရာလေးပေါ့ 

နေရောင်ကတော့ ဘယ်သွားနေမှန်း မသိပဲ
ဇွဲဆု နောက်ကနေ လိုက်လာသည်

သစ်ပင်ကလေးရဲ့ဘေး ဂျူဂျူးရဲ့ အရိုးပြာ
မြှုပ်ထားသော နေရာကို ရောက်တော့ ဇွဲဆု
ပန်းစည်းကလေးတင်လိုက်ရင်း ဒူးထောက်
ထိုင်ချလိုက်ကာ 

" ဂျူဂျူး တွေ့ချင်နေမယ်ထင်လို့ အကို
ခေါ်လာခဲ့တာ ဂျူဂျူးရဲ့ နှလုံးသားလေးကို
အကိုသေချာ ဂရုစိုက်ထိန်းသိမ်းသွားမယ်နော်
နေရောင် သူ့နာမည်က ဂျူဂျူးစံတဲ့
စိတ်ထားဖြူတဲ့ ကောင်မလေး သူကြောင့်
ကိုယ်နဲ့ နေရောင် ဆုံခဲ့ရတာ သူ့ကို
နှုတ်ဆက်လိုက်ဦး " 

" မင်္ဂလာပါ ဂျူဂျူးရေ ငါက နေရောင်ပါ
အကို့ကို နှလုံးသားလေး ပေးခဲ့တဲ့အတွက်
ကျေးဇူးတင်ပါတယ်"

နေရောင်က သူ့ကို ခေါင်းငြိမ့်ပြလိုက်ပြီး
ဂျူဂျူးကို နှုတ်ဆက်လိုက်တာကြောင့်
သူ ပြုံးလိုက်သည်

ဒီလောက်ဆို ညီမလေး ကျေနပ်မှာပါ
လောကကြီးမှာ ဂျူဂျူးဆိုတဲ့ မိန်းကလေး
တစ်ယောက် ရှိတာကို နေရောင် အသိအမှတ်
ပြုသွားပြီ ညီမလေး

ဇွဲဆုက နေရောင်လက်ကိုဆွဲလျက် ထိုနေရာမှ
တိတ်တဆိတ် ထွက်လာခဲ့သည်

ဂျူဂျူး ရဲ့ ဒိုင်ယာရီထဲက အကြောင်းတစ်ချိူ့နဲ့
နေရောင့်အပေါ် ထားခဲ့တဲ့ အချစ်တွေကိုတော့
သူရင်ထဲမှာပဲ ထာဝရသိမ်းဆည်းထားလိုက်သည်

နေရောင့်ကို သူတစ်ယောက်တည်း ပိုင်ဆိုင်ချင်တဲ့
အတ္တကြောင့်လည်းပါသည်

နေရောင့်ကိုတော့ ဂျူးဂျူး ဟာ သူရဲ့
အသက်သခင် ကျေးဇူးရှင်ဟုသာ
ပေးသိထားခဲ့ပြီးသာပင်

ညီမလေးရေ အကို့ကို ခွင့်လွှတ်ပါ
ညီမလေးထက် မလျော့တဲ့ အချစ်တွေနဲ့
အကို နေရောင့်ကို တစ်သက်လုံး
စောင့်ရှောက်သွားမှာပါ

သူရင်ထဲက စစ်မှန်စွာပင် ကတိပြုလိုက်သည်

နေရောင်ကတော့ သူ့ကို ပြုံးပြီး
ကြည့်နေတာကြောင့် သူ နေရောင်ရဲ့
ခေါင်းလေးကို ဖွဖွပင်ပုတ်လိုက်လေသည်

 Dear my love ( Completed )Where stories live. Discover now