" တစ်အိမ်လုံး ခရီးသွားနေတယ်ရှင့် "ဂျူဂျူးတို့ အမေရဲ့အိမ်လိုက်သွားပြီးမှ
အိမ်အကူ ကောင်မလေးကပြောလိုက်တာကြောင့်
သူစိတ်ဓာတ်ကျချင်သလိုပင် ဖြစ်သွားရကာ
ကျောင်းကို ငူငူငိုင်ငိုင်နဲ့ ထွက်လာခဲ့သည်" အနုပညာခန်းဘက်က ကန်တင်းကိုလာခဲ့ "
တေဇာက မက်ဆေ့ခ်ျပို့လာတာကြောင့်
သူခြေလှမ်းတွေ ဦးတည်ချက်ပြောင်းလိုက်သည်ဒီကန်တင်းက သူတို့စာသင်ဆောင်နဲ့ဆန့်ကျင်ဘက်
ဖြစ်နေ၍ တစ်ခါမှတော့ သူမလာဖူးခဲ့" မင်းက ဒီမှာ ဘာလုပ်နေတာလဲ "
" ငါ ဆော်တစ်ပွေလိုက်မလို့ကွ
ဒီမှာလာစောင့်နေတာ "သူ တေဇာကို ပုခုံးတွန့်ပြလိုက်ရင်း
ကော်ဖီတစ်ခွက်မှာလိုက်သည်ထိုအချိန်မှာပဲ ခြေထောက်က ယားကျိကျိ
ဲဖြစ်လာတာမို့ အောက်ကို ငုံ့ကြည့်တော့
ခွေးတစ်ကောင်က ခြေထောက်ကို
လာယှက်နေသည်" သောက်ခွေး . . .လန့်တာ "
ထုံးစံအတိုင်း ခွေးကြောက်တတ်သူမို့ ပါးစပ်က
လွှတ်ခနဲဆဲလိုက်ပြီးမှသူခြေထောက်တွေကို
ခုံပေါ်တင်ထားလိုက်သည်ပြီးတော့မှ တစ်စုံတစ်ခုကို သတိရသွားရသည်
ခွေးက လည်ပတ်အနီလေးနဲ့ပဲ ၊ ဒါဆို
ဒါ ဂျူဂျူး ဒိုင်ယာရီ ထဲကခွေးပေါ့ ၊သူပျော်သွားမိသည်။ သူ သိချင်နေတဲ့
တစ်စုံတစ်ခုကို သေချာပေါက်သိရတော့မည်" ၀ီဝီ ... ငါနောက်ကျသွားတယ် ဆောရီးကွာ "
ရင်းနှီးနေသော အသံတစ်ခုကြောင့်
သူလှည့်ကြည့်လိုက်တော့ သူ့ကို အမြဲလိုလို
လှုပ်ခတ်စေခဲ့သော လူတစ်ယောက်ပါပဲသူ့ခေါင်းတွေ ချာချာလည်သွားသည်
သူ့ရင်ဘတ်တွေဟာ နေရောင်လင်းကိုတွေ့တိုင်း
တဒိတ်ဒိတ်ခုန်နေခဲ့တာဟာ ဂျူဂျူးရဲ့
နှလုံးသားက သူ့ရင်ဘတ်ထဲမှာ အစားထိုး
ထားလို့ပဲလား
YOU ARE READING
Dear my love ( Completed )
Romanceငါကောင်မလေးတွေကိုလည်းချစ်တယ် မင်းကိုလည်းချစ်နေတယ် ကောင်မလေးတွေရဲ့ရင်သားကို စမ်းသပ်နေတဲ့အချိန်မှာတောင် မင်းမျက်နှာကိုပဲ မြင်ယောင်နေတဲ့စိတ်ကို ဘယ်လိုလုပ်ရမလဲ ငါရူးနေပြီထင်တယိ ဟျောင့် မင်း ရှေ့တ်ိုးမလာနဲ့ ငါနဲ့တစ်ကိုက်အကွာမှာပဲနေ မင်းရှေ့တစ်လှမ်းတိုးရ...