Bonus 😘 ( Zawgyi)

15.3K 685 25
                                    

" တင်း​တောင်​ . . . .တင်း​တောင်​ "

တံခါးက ဘဲလ်မြည်​လာတာ​ကြောင့်​ ဇွဲဆု
တီဗီ ကြည့်​​နေရာမှ ထဖွင့်လိုက်​သည်

" ဒီချိန်​ကြီး ဘယ်​သူလဲကွာ "

တံခါးဖွင့်​ကြည့်​လိုက်​​တော့ ခပ်​တည်​တည်
်​​ကောင်​​လေး တစ်​​ယောက်​နဲ့ သူ့အ​နောက်​မှာ
ကုတ်​​ချောင်းကုတ်​​ချောင်း လုပ်​​နေ​သော
စပ်​ဖြီးဖြီး မျက်​နှာနဲ့ တစ်​​ယောက်

" မင်္ဂလာပါ ကျွန်​​တော်​တို့က ​ဘေးအိမ်​ကို
ဒီ​နေ့မှ ​ပြောင်းလာတာပါ အိမ်​နီးချင်း​တွေကို
လာနှုတ်​​ဆက်​တာပါ "

အ​ရှေ့က လူကြီးဆန်​တဲ့ ​ကောင်​​လေးက
သူ့ကို သစ်​သီးခြင်းေ​တာင်း ထိုး​ပေးလိုက်​တာ
ကြောင့်​ ဇွဲဆု အူ​ကြောင်​​ကြောင်​နဲ့
လှမ်းယူလိုက်​သည်

" အင်း ​ကျေးဇူးပဲ ​တွေ့ရတာဝမ်းသာပါတယ်​ "

" ဟုတ်​ အကို ကျွန်​​တော်​က လ​ရောင်ပါ
သူက​တော့ Ruka "

အ​နောက်​ကကောင်​​လေးက ချစ်​စဖွယ်
မျက်​နှာ​လေးနဲ့ သွားစိကာရယ်​ပြသည်

က​လေးဆန်​လိုက်​တာ သူရဲ့ 
နေ​ရောင်​​လေး နဲ့​တော့ တခြားစီပင်

" ခင်​ဗျားတို့ နှစ်​​ယောက်​တည်းလား "

"ဟုတ်​ကဲ့ အကိုက​ရော တစ်​​ယောက်
တည်းလား မိသားစု​တွေနဲ့ ​နေတာလား "

" အင်း . . . ငါက ငါ့မိန်းမနဲ့. . . . . . "

" အကို. . . ​ဧည့်​သည်​​တွေ ​ရောက်​​နေတာလား "

သူစကားမဆုံးမှာပင်​ ​နေ​ရောင်​ က
သူ့​နောက်​ကို ​ရောက်​လာသည်

" ဟင်​ . . . ."

က​လေးဆန်​တဲ့ ​ကောင်​​လေးဆီမှ
အာ​မေဍိတ်​သံတစ်ခု ထွက်​လာသည်

" Ruka နဲ့ ကိုလ​ရောင်​ ဒီကို ဘယ်​လို
ရောက်​လာတာလဲဗျ အကို ဒါက ​ကျွန်​​တော်
ပြောပြ​နေတဲ့ Ruka နဲ့ ကိုလ​ရောင်​​လေ
ကျွန်​​တော်​​နေခဲ့တဲ့ ​အ​ဆောင်​မှာ​နေခဲ့တဲ့ Ruka
လေ သူတို့က . . . ကျွန်​​တော်​တို့လိုပဲ . ."

နေ​ရောင်​ရဲ့ စကားမဆုံးခင်​မှာပဲ သူ
အထာ​ပေါက်​သွားကာ အသံထွက်​ပြီး
ရယ်​လိုက်​သည်

လ​ရောင်​ နဲ့ Ruka ဟာလည်း ရှက်​​နေကာ
ခေါင်းကိုသာ တွင်​တွင်​ကုပ်​လျက်

" ဒါဆို အကို့ မိန်းမ ဆိုတာက ​နေ​ရောင်​လား 😁 "

Ruka က ရယ်​ပြီး​ပြောလိုက်​တာ​ကြောင့်
ဇွဲဆု က ​နေ​ရောင်​ပုခုံးကိုဖက်​လိုက်​ကာ

" ဟီး . .ဟီး . .ဟုတ်​တယ်​ " ဟု
ပြန်ေ​ပြာလိုက်ပြီး ​ထိုနားတစ်​၀ိုက်​​တွင်
ရယ်​သံများ ဆူညံသွားသည်

ကောင်းကင်​​ပေါ်က လခြမ်း​ကွေး​ကွေး​နဲ့
ကြယ်​​တွေဟာလည်း ပြုံး​နေလျက်
သူတို့ ​လေး​ယောက်​စလုံးကို ငုံ့ကြည့်​ကာ
အားကျ​နေသလိုပင်​ 

ထိုည​လေးဟာလည်း အချစ်​​တွေနဲ့
ချိုမြိန်​လှပ​နေကာ ​လောကကြီးတစ်​ခုလုံးကို
ရယ်​သံ​တွေနဲ့ ဖုံးလွှမ်းသွား​လေ​တော့သည်

( PS - ပထမ ဇာတ်လမ်း​လေးထဲက
Ruka ​လေးနဲ့ လ​ရောင်​​လေးကို ​မေ့သွားမှာစိုးလို့
အပို​လေး ထည့်​​ရေး​ပေးထားတယ်​​နော်​ ​) 😉

#The_End

ပြီးပါပြီ 😊😊

#A Seinn Kyaw 💚

 Dear my love ( Completed )Where stories live. Discover now