Part - 3 ( Zawgyi)

13K 824 2
                                    

"ဇွဲ ​ဈေး​ရောင်းပွဲ​တော်​ လိုက်​ပို့​နော်​ "

ကဗျာက အတင်းဂျီကျ​နေ​သော​ကြောင့်
သူတို့​ကျောင်းရဲ့ဈေး​ရောင်းပွဲ​တော်​ကို
ကဗျာနဲ့အတူ ​ရောက်​လာခဲ့သည်​။ 

မေဂျာစုံ ​ကျောင်းသား​တွေ တစ်​ဖွဲ့ချင်းစီ
စား​သောက်​စရာ မျိုးစုံကို အထူးအဆန်း
လေး​တွေ ဖန်​တီးကာ ကိုယ်​တိုင်
လုပ်​​ရောင်းကျသည်​မှာ ​ပျော်​စရာပင်​။

ကျောင်း​ဈေးပွဲ​တော်​ မုန့်​​ဈေးတန်း တစ်​​လျှောက်
သူနဲ့ကဗျာ လက်​ချင်းတွဲကာ ​လျှောက်​လာသည်

ဂျပန်​အစားအစာ ထိုင်းအစားအစာ
ကိုရီးယားအစားအစာ​တွေအပြင်​ ကိုယ်​တိုင်
လုပ်​ Handmade လက်​​ဆောင်​ပစ္စည်းဆိုင်
လေး​တွေ ၊ သူ့တို့​ကျောင်းရဲ့ Logo အမှတ်
တံဆိပ်​ပါ​သော အမှတ်​တရ အကျီ်​ဆိုင်​​လေး​တွေ
စာအုပ်ဆိုင်​​တွေအပြင်​ အ​ပျော်​တမ်းဓာတ်​ပုံဆိုင်​​လေး​တွေနဲ့ Unplugged Show တီးဝိုင်း​လေး
ပါ ရှိ​သော​ကြောင့်​အ​ရောင်​အ​သွေး စုံလင်​လှကာ
စိတ်​ချမ်း​မြေ့ ကြည်​နူးစရာပင်။

" ဇွဲ ​ရေခဲ့မုန့်​ စားရ​အောင်​ "

ကဗျာက သူ့လက်​ကိုအတင်းဆွဲကာ 
ရေခဲမုန့်​ဆိုင်​​လေး ရှိရာသို့ အတင်းဆွဲ​ခေါ်
သွားသည်​။

အဖြူ​ရောင်​ရှပ်​​လေး​​တွေ ဆင်​တူဝတ်​ကာ
ဦးထုတ်​အဖြူ​လေး​တွေဆောင်းလျက်​ 
ရောင်း​နေကျ​သော ချစ်​စရာ ရေခဲ့မုန့်
ဆိုင်​​သေး​သေးလေးဟာ လူ​တွေ စည်​ကား
နေ​ပေသည်​။

" ​နေ​ရောင်​ ဒီကိုလည်း တစ်​ခွက်​ "

မိနုးက​လေး​တွေစုပြုံ​ကာ မှာ​နေ​သော​ကြောင့်
သူဟာ ​ရေခဲမုန့်​ လုပ်​​နေ​သော တစ်​​ယောက်​ကို
အမှတ်​မထင်​ ကြည့်​လိုက်​မိသည်

အဖြူ​ရောင်​ ဦးထုတ်​​အောက်က နို့နှစ်ရောင်
လို ဝင်းမွတ်ကြည်​လင်​​နေတဲ့ အသားအ​ရေ ၊
နှာတံစင်းစင်းအပြင် ​​ခပ်​​ရေး​ရေး​လေး​သာ
ကျ​နေတဲ့ ဆံပင်အညို နဲ့ ပါးချိုင့်​နှစ်​ဖက်​က
ထင်း​နေတာမို့ ရယ်​လိုက်​တိုင်း ဆွဲဆောင်မှု
ရှိလှတာပင်​ ။

 Dear my love ( Completed )Where stories live. Discover now