Part - 16 ( Unicode)

512 22 1
                                    

Shopping Mall တစ်ခုထဲမှာ
နေရောင်နဲ့ ဇွဲဆု အတူတွဲလျှောက်လာသည်။

ပူပူနွေးနွေးအတွဲလေးမို့ နှစ်ယောက်လုံး
ရှိုးတို့ရှန့်တန့်ဖြစ်လျက် တိတ်ဆိတ်နေကာ
တစ်ခွန်းမှမပြောမိ။

" အကို ကျွန်တော်နဲ့ တွဲရတာ ရှက်နေတာလား "

နေရောင်က စပြောလိုက်သည်
အမှန်တကယ်လည်း ဇွဲဆု ရှက်နေခြင်းပင်

မိန်းမလှလေးတွေနဲ့ပဲ တွဲသွားတွဲလာလုပ်ဖူးသော
သူက ရွယ်တူ ယောကျ်ားလေးတစ်ယောက်နဲ့
ချစ်သူတွေပါဆိုပြီး လူသိခံရမှာ နဲနဲတော့
ကကျိူးကကြောင် နိုင်လှတာပင်

" အကို အဆင်မပြေဖူးဆိုရင် ကျွန်တော်
ဒီနေရာက ထွက်သွားပေးရမလား "

နေရောင့်စကားက သူ့အရှိုက်တည့်တည့်ကို
လာမှန်သည်

"မင်း ဘာတွေပြောနေတာလဲ နေရောင်
ငါတို့ အတွဲတွေဆိုတာ လူသိခံရမှာ ငါမရှက်ပါဖူး
မင်း ငါ့အနားကနေ ထွက်သွားမှာကိုပဲကြောက်တာ "

သူ နေရောင့်လက်ကို တင်းကျပ်စွာပင်
ဆုပ်ကိုင်လိုက်သည်

လူတွေက ကွက်ကြည့်ကွက်ကြည့်
ဖြစ်သွားသော်လည်း မတတ်နိုင်
သူ နေရောင့်ကို အရမ်းချစ်မိနေပြီပဲ

" လာ ရုပ်ရှင် လက်မှတ်သွားမယ်ရအောင် "

"ဗျာ . .ရုပ်ရှင်ကြည့်မလို့လား "

"First Date မှာ အတွဲတွေ ပထမဆုံး
လုပ်ရမှာက ရုပ်ရှင်ကြည့်ရမယ်လေ အဲဒါမှ
မင်းကို ရုပ်ရှင်ရုံထဲမှာ အခွင့်အရေးယူလို့ရမှာ
ငါ့ နှုတ်ခမ်းတွေ အရမ်းခြောက်နေလို့ "

သူရဲ့အဓိပ္ပါယ်တွေနဲ့ ပြောလိုက်တဲ့စကားကို
နေရောင်က အူကြောင်ကြောင်ဖြစ်ကာ
ခေါင်းကုတ်နေတာမို့သူတစ်ချက်ပြုံးလိုက်သည်

ဒီကောင်လေး ရည်းစား မထားဖူးဖူးပဲ

❤❤❤

ရုပ်ရှင်လက်မှတ်ဝယ်ပြီးတော့ ရုံ အတွင်းပိုင်း
ထဲကို ခပ်စောစောပင်ဝင်လာခဲ့သည်

လက်ထဲမှာလည်း ရေသန့်ဖူး အအေးဘူးတွေနဲ့
ပေါက်ပေါက်တွေ အပြည့်ပင်

" ဟိုခုံပဲ အကိုတို့ "

လက်မှတ်စစ်တဲ့ ကောင်လေးက အတွဲခုံကို
ဓါတ်မီးနဲ့ ထိုးကာ ပြုံးစိစိနဲ့ပြောလိုက်တာကြောင့်
နေရောင်က သူ့ကို ပြူးကြောင်ကြည့်လျက်

" အကို အတွဲခုံ ဝယ်လိုက်တာလား "

" အတွဲတွေပဲလေ အတွဲခုံ ဝယ်ရမှာပေါ့ "

နေရောင့်လက်ကို ဆွဲလျက် သူရှေ့ကနေ
ဦးဆောင်ပြီး ခေါ်လာခဲ့သည်

ပြီးတော့ ခုံကျဉ်းကျဉ်းကလေးမှာ
နှစ်ယောက်ပူးထိုင်ရင်း သက်ပြင်းတွေ
ခဏခဏ ချနေမိသည်

မိန်းကလေးတွေနဲ့ သွားလျှင် အပူအပင်
မရှိလှပေမဲ့ သူရဲ့ယောကျ်ားလေးရည်းစား
အသစ်စက်စက်ကလေးနဲ့သွားတဲ့အခါမှာတော့
ရင်တွေခုန်ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်း
ပင်မသိ

နေရောင်ခမျာမှာလည်း ကျောက်ရုပ်ကြီးလို
ထိုင်နေကာ နဖူးစမှာ ချွေးလေးတွေစို့နေတာကို
သူမျက်လုံးထောင့်က မကြာခဏပင်ခိုးကြည့်ရင်း
မြင်နေရသည်

" အကို ရေသောက်မလား ခုနက
နှုတ်ခမ်းခြောက်နေတယ်ဆို "

နေရောင်က ရေဖူးကို သူ့ဘက်လှမ်းပေး
လာတာကြောင့် သူ ရေဖူးကိုဖယ်လိုက်ကာ

" အဲတာ အဖြေမဟုတ်ဖူး "

ဟု ဆိုလိုက်လျက် နေရောင်ရဲ့မျက်နှာနား
ဖြေးဖြေးချင်းတိုးကပ်လိုက်ပြီး နှုတ်ခမ်းဖူးဖူး
ကလေးကို ဖွဖွလေး နမ်းလိုက်သည်

အမှောင်ချထားသော ရုပ်ရှင်ရုံထဲမှာ
ဘယ်လောက်ကြာကြာပင် နမ်းနေမိမှန်းမသိ

နေရောင်ရဲ့ နှုတ်ခမ်းလေးဟာ
အမှောင်ထဲမှာတောင် ဖူးငုံလျက်
ယောင်ကိုင်းလို့နေပေသည်

❤❤❤

 Dear my love ( Completed )Where stories live. Discover now