Part - 14 ( Unicode)

488 19 0
                                    

Dear Diary

ဒိုင်ယာရီလေးရေ

ဒီနေ့တော့ ကျွန်မသူ့ကို ထုံးစံအတိုင်း
သူလာနေကျ လမ်းကလေးဘေးက
ကန်တင်းမှာ ထိုင်စောင့်နေမိတယ်

ကျွန်မ ကျောင်းကိုလာတိုင်း အတန်းမဝင်ပဲ
သူ့ကိုထိုင်စောင့်ရတာ တာဝန်တစ်ခုလိုတောင်
ဖြစ်နေပြီ

ဟော . .ကျွန်မရောက်ပြီး ဆယ်မိနစ်လောက်
အကြာမှာပဲ သူအမြဲရောက်ရောက်လာတတ်တယ်
သူက ဘယ်တော့မှ နောက်မကျတတ်ဖူး
အရမ်းစည်းကမ်းတိကျတဲ့ကောင်လေး

တော်တယ် ကြင်နာတတ်တယ် သူများကို
ကူညီတတ်တယ် အဲဒါတွေကြောင့်ပဲ
ကျွန်မချစ်နေရတာပေါ့

သူလာပြီးမကြာခင်မှာပဲ ကန်တင်းက
သူအစာကျွေးနေကျ ခွေးလေးက
လျှာလေးတစ်လစ်နဲ့သူ့နားရောက်သွားတယ်

ခွေးလေးက အခုဆို ဝလို့ ဖြိုးလို့ သူ့ကို
သခင်လို့တောင် မှတ်ယူနေပြီ။ သူကခွေးလေးရဲ့
လည်ပင်းမှာ လည်စည်းအနီလေးစည်းထား
ပေးပြီး နာမည်တောင်ပေးထားသေးတယ်
ခွေးလေးနာမည်က ဝီဝီတဲ့

"ဝီဝီ နေမကောင်းဖူးလား "

သူက ခွေးလေးကို အစာချကျွေးရင်း
မေးလိုက်တယ်။

ဟုတ်ပါရဲ့ ခွေးလေးခြေထောက်မှာ
ကုတ်ဖဲ့ထားတဲ့ ဒဏ်ရာလေးတစ်ခုတွေ့တယ်

ပြီးတော့ သူကခွေးလေးကို ခဏစောင့်
ဝီဝီလို့ပြောပြီး ရုတ်တရက်ထထွက်သွားတယ်

ကျွန်မ ခွေးလေးကို သနားလိုက်တာ
ကျွန်မ ကြောက်နေပေမဲ့ ဆုံးဖြတ်ချက်
တစ်ခုချလိုက်တယ်

ကျွန်မမှာ အသင့်ဆောင်ထားတတ်တဲ့
ဆေးတွေနဲ့ ပတ်တီးတစ်ချိူ့ပါတာပဲ

ကျွန်မက အမြဲရှပ်ပျာပျာနိုင်လို့ အမေက
အမြဲအရံသင့်ထည့်ပေးထားတတ်တာ

ကျွန်မခွေးလေးအနားကိုသွားပြီး ဒဏ်ရာကို
ဆေးထည့်ပြီး ပတ်တီးကို ဖွဖွလေးစည်းပေး
လိုက်တယ်။ ပြီးတော့ ကျွန်မနေရာမှာ
ပုံစံမပျက်ပြန်ထိုင်နေလိုက်တယ်

ခဏကြာတော့ သူပြန်ရောက်လာတယ်
လက်ထဲမှာလည်းဆေးဖူးတွေနဲ့
ဝယ်လာခဲ့တဲ့ပုံပဲ

 Dear my love ( Completed )Where stories live. Discover now