Part - 6 (Zawgyi)

10.7K 725 6
                                    

( ​ချောင်းသာ ပထမ​နေ့ )

ဇွဲဆုသည် အ​ဝေး​ပြေး ကား​ပေါ်က သုံးခုံ 
မြောက်​ခုံမှာ နေရာယူလိုက်ရင်း မျက်စိကို
မှိ​တ်ထားကာ အေးအေးလူလူပင် ကျောမှီ
လျက် ​ထိုင်​​နေလိုက်​သည်​။

သူ့​ဘေးမှာ​တော့ ​တေဇာ ထိုင်​သည်​။ မြတ်​သူ
က​တော့ သူတို့ ​မေဂျာက ​ကောင်​မ​လေး
တစ်​​ယောက်​ကိုလိုက်​​ ​နေ၍ ထို​ကောင်​မ​လေး
ဘေးမှာ ဖွန်​​ကြောင်​ကာ သွားထိုင်​သည်​။

" ဂျူဂျူး ပါလာရင်​ သိပ်​​ကောင်းမှာလဲ
ဂျူဂျူးကို အရမ်း ​သတိရ တာပဲဟာ "

" နင်​ကလည်း စိတ်​မ​ကောင်းဖြစ်​မ​နေပါနဲ့
ဂျူဂျူးက ​​အေး​အေးဆေး​ဆေး အနားယူသွား
တာပါ သူ့နှလုံးသား​လေးကို​တောင်​ တခြား
တစ်​​ယောက်​ကိုလှူသွား​သေးတာပဲလေ ဂျူဂျူး
အခုထိကောင်း​ကောင်း ရှင်​သန်​​နေလိုပါပဲဟာ
အဲလိုပဲ​တွေးပြီး စိတ်​​​ဖြေလိုက်​ပါ "

သူ့​နောက်​ခုံမှာထိုင်​လျက်​ ပြော​နေကျ​သော 
ကောင်​မ​လေးနှစ်​​ယောက်​ ရဲ့စကားကို ဇွဲဆု
နားစွင့်​​နေမိသည်​။ သူတို့ ​ပြော​နေတဲ့ ဂျူဂျူး
ဆိုတာ သူ့ကို နှလုံးသား​လေး​ပေးသွားတဲ့
ပိုင်​ရှင်​အ​ဟောင်းများ ဖြစ်​​နေမလားဟုလည်း
မဆီမဆိုင် တွေးနေမိသည်။

သူ စိတ်​ရှုပ်​​ထွေးသွားသည်​။ သူ နှလုံးသားရဲ့
ပိုင်​ရှင်​ဟာ မိန်းက​လေးတစ်​​ယောက်​ဟု ​မာမီ 
ပြောသ​လောက်​သာ သူသိထားသည်​။

သူ့နှလုံးသားရဲ့ပိုင်ရှင်အဟောင်းကိုလည်း
သိပ်ကို ကျေးဇူးတင်ချင်သည်မို့ ချောင်းသာ
က ပြန်​​ရောက်​တာနဲ့ ဒီ ကိစ္စကို စုံစမ်းရမည်​ဟု
သူ ဆုံးဖြတ်လိုက်သည်။

** ** ** ** ** ** ** ** ** ** ** ** ** ** ** ** ** **

" ​ဟေး . . .​ရောက်​ပြီကွ "

 တစ်​ညတာကား​ပေါ်မှာ ဖြတ်​သန်ြး​ပီး​နောက်
ချောင်းသာကို ​​ရောက်​လာသည်​။ကျောင်းသား
တစ်​ချို့ကေ​​ပျာ်ရွင်စွာ ​​အော်​လျက်​ ကား​ပေါ်က
ဆင်း​သွားကြသည်​။

" ငါနဲ့ ​မြတ်​သူက အခန်း 105 မှာ ဇွဲဆု မင်း
အခန်းက ငါတို့နဲ့ ကပ်​လျက်​ 106 မလား မင်း
ဘယ်​သူနဲ့ကျတာလဲ"

 Dear my love ( Completed )Where stories live. Discover now