Part - 13 ( Zawgyi)

9.8K 647 8
                                    

နေ​ရောင်​က လက်​ဆွဲခြင်းထဲကို လိုအပ်​တဲ့ 
ခေါက်​ဆွဲ​ခြောက်​ဗူး​တွေ ​ကော်​ဖီထုတ်​​တွေ
ကိတ်​​ခြောက်​ထုတ်​​တွေ ထည့်​လိုက်​သည်​။

အ​ဆောင်​​နေ​ကျောင်းသားမို့ တစ်​ပတ်​တစ်​ခါ
လိုအပ်​တဲ့ပစ္စည်းပစ်​စယ​တွေ မုန့်​​တွေဘာ​တွေ
ထွက်​၀ယ်​ရသည်​ ။

အ​ဆောင်​နားမှာအခုလို လွယ်​လွယ်​ကူကူ
ဝယ်​လို့ရတဲ့ Convenience Store 
လေး​တွေရှိ​နေတာပဲ ​တော်​​သေးသည်​။

သူဘာကျန်​​သေးလဲ ...? ဟုတ်​ပြီ ​ချောကလက်
သူအကြိုက်​ဆုံး​ချောကလက်​လည်း ၀ယ်​ရဦးမည်

" ဟင်​ "

ချောကလက်​ထားတဲ့နေ​ရာကို ​ရောက်​​ပေမဲ့
သူစား​နေကျ ​ချောကလက်​​တွေ​ရော တခြား
ချောကလက်​​တွေ​ရော ဘာမှ မရှိပါပဲ ဗလာ
ဟင်းလင်း ဖြစ်နေတာမို့ စိတ်​ညစ်​သွားမိသည်​။

မတတ်နိင် ​​​....သူသက်​ပြင်းချလိုက်​ပြီး 
ငွေရှင်း​ကောင်​တာသို့သာ သွားရန်ပြင်သည်။

" အကို မလာတာကြာပြီ​နော်​ "

ဝယ်​နေကျဆိုင်​မို့ ရင်းနှီး​နေ​သော Cashier က
ဝန်​ထမ်း​မိန်းက​လေးက ​မေးလိုက်​ခြင်းဖြစ်သည်။

"အင်း ဟုတ်​တယ်​ အကိုခရီးထွက်​​နေတာနဲ့
ဒါနဲ့ ညီမ ချောကလက်​​တွေလဲ တစ်​ခုမှ
မ​တွေ့ဖူး​နော်​ "

"ဟုတ်​တယ်​အကို ခုနကပဲ
လူတစ်​​ယောက်​အကုန်​၀ယ်​သွားတာ "

"​သြော်​ "

နေ​ရောင်​ အံ့သြသွားသည်​ ။ တစ်​ဆိုင်​လုံး
သိမ်းသွားတယ်​ဆို​တော့ ​ချောကလက်​ကို 
သူ့လိုပဲ ​တော်​​တော်​ကြိုက်​တဲ့သူ ဖြစ်​မည်​ထင်
သည်။

" အကို ခဏ "

ငွေရှင်းပြီး​တော့ ​လှည့်​ထွက်​မယ်​ပြင်​ဆဲမှာပင်
ကောင်​တာက ​ကောင်​မ​လေးက ​ခေါ်လိုက်​တာမို့
နေရောင်​ လှည့်​ကြည့်​လိုက်​သည်​။

"လူတစ်​​ယောက်​က အကိုလာရင်
ဒါ​လေး​ပေးလိုက်​ပါလို့လဲ မှာသွား​သေးတယ်​ "

" အကို့ ကို လား ?? "

"အင်း "

နေ​ရောင်​က သူ့ကိုယ်​သူ လက်​ညှိုးထိုး၍ 
မေးလိုက်​တာမို့ ​ကောင်​မ​လေးက ပြုံးစိစိနဲ့
ဖြေသည်​။

 Dear my love ( Completed )Where stories live. Discover now