Part - 18 ( Zawgyi)

9.7K 634 2
                                    

🎀 2 Years later 🎀

" ​ဇွဲ . . .မင်းအတွက်​ လိုအပ်​မယ်​ထင်​လို့
ပုံတစ်ချို့​ပို့​ပေးထားတယ်​ မင်း
ဝင်​ကြည့်​လိုက်​ဦး သားကြီး သတိရတယ်
အဆင်​​ပြေရင်​ ပြန်​လာခဲ့​တော့ကွာ "

မြတ်​သူ ဆီက Mail တစ်​​စောင်
ဝင်​လာတာ​ကြောင့်​ သူပြုံးလိုက်​မိသည်

ဒီ​ကောင်​ မြတ်​သူ ဘာ​တွေများ ပို့ထားပါလိမ့်

သူသိချင်​လွန်းစွာပင်​ ဓာတ်​ပုံ​တွေ စုထား​သော
ဖိုင်​ကို အမြန်​ဖွင့်​ကြည့်​လိုက်​သည်

" ​နေ​ရောင်​ . . . "

ဓာတ်​ပုံကို ​တွေ့လိုက်​ချင်းမှာပဲ
သူ့နှလုံးသားက ဒုတ်​ခနဲ တုန်​လှုပ်​သွားသည်

သူ​တွေ့လိုက်​တာက ဘွဲ့ဝတ်​စုံနဲ့
ရယ်​​မော​နေကာ ​​ပျော်​​နေပုံ ရ​သော 
နေ​ရောင်​​လင်း ​ရဲ့ ဓာတ်​ပုံတစ်​ချို့

ပုံတိုင်းမှာ ​နေ​ရောင့်​ မျက်​နှာ​လေးက
ပျော်​​နေပုံရကာ မျက်​နှာ​လေးက
ကြည်​လင်​ရှင်းသန့်​​နေသည်

ဝဲကျ​နေတဲ့ ဆံပင်​ကို အ​ပြောင်​သိမ်းထား
တာ​ကြောင့်​ ​နေ​ရောင်​ဟာ ပိုပြီး တည်​ငြိမ်
ရင့်​ကျက်​လာသလိုပင်

သူ တစ်​ပုံချင်းဝင်​ပြီး ကြည့်​​နေမိကာ
ပြုံး​နေမိသည်

နေ​ရောင်​ရဲ့ အပြုံး​တွေကို မ​တွေ့ရတာ
ဘယ်​​လောက်​​တောင်​ ​ကြာ​ခဲ့ပြီလဲ
အရင်​နှစ်​တုန်းက​တော့ မြတ်​သူ​ရော ​​တေဇာပါ
အချိန်​ရရင်​ ရသလို သူ့​ဆီကို ​နေ​ရောင်​ရဲ့
ဓာတ်​ပုံ​တွေ အမြဲခိုးရိုက်​ထားပြီး
ပို့​ပေးတတ်​စမြဲပင်

နောက်​ပိုင်းမှာ​တော့ သူတို့နှစ်​​ယောက်​လုံး
ရည်းစားကိုယ်​စီရသွားတာ​ကြောင့်​ အရင်​ကလို
သူနဲ့​တောင်​ အချိန်​မှန်​ ဖုန်း​မ​ပြောနိုင်​​တော့

သူကိုယ်​တိုင်​လည်း အ​ဖေ့ရဲ့ လုပ်​ငန်း​တွေမှာ
လေ့လာသင်​ယူ​နေကာ တစ်​ဖက်​ကလည်း
ကျောင်းတတ်​​နေတာမို့ အမြဲအားလပ်​တယ်
ဟူ၍ပင်​ မရှိပါ

သူ အကျင့်​အတိုင်း Singapore
မှာပဲ ရည်းစားတစ်​ချို့ထားတာ ​နေ​ရောင့်​ကို
လွမ်းဆွတ်​​နေတဲ့ စိတ်​​တွေ​ဖြေ​ဖျောက်
နေရ​သော်​လည်း လွမ်း​နေစမြဲပင်

" ဟင်​ "

ကြည့်​​နေရင်းနဲ့ မထင်​မှတ်​ထားတဲ့
ပုံတစ်​ပုံ​တွေ့လိုက်​ရတာ​ကြောင့်
သူ့လက်​​တွေ အလိုလို ရပ်​တန့်​သွားမိသည်

ပုံထဲမှာက ကိုယ်​၀န်​ရှိ​နေတဲ့ မိန်းက​လေး
တစ်​​ယောက်​နဲ့ ထိုမိန်းက​လေးကို ဖက်​ထားကာ
ရယ်​​မော​နေ​သော ​နေ​ရောင်​လင်း

ဓာတ်​ပုံ​လေးက ​ဆေးခန်းတစ်​ခု​ရှေ့မှာ
ရိုက်​ထားပြီး ​ပုံကို ကြည့်​တာနဲ့ ​နေ​ရောင့်​ဘက်​က
ဂရုတရိုက်ရှိ​ပုံမှန်း သိသာလှသည်

သူ့မျက်​လုံးမှာ မျက်​ရည်​​တွေ ၀ဲလာကာ
လက်​​တွေက တုန်​ရီစွာပင်​ထိုပုံ​လေးကို 
ငေးကြည့်​​နေမိသည်

နေ​ရောင်​ မင်းငါ့ကို သစ္စာ​ဖောက်​တယ်
ငါ့မှာ​တော့ မင်းကို ချစ်​လိုက်​ရတာ ဒီတစ်လ
ကုန်​ပြီးရင်​ မင်းရှိတဲ့ ​နေရာကို အပြီးပြန်​ခဲ့မလို့
ငါ့ကို ရုတ်​တရက်​​တွေ့လိုက်​ရရင်
မင်းအရမ်း ​ပျော်​သွားမယ်​ထင်​လို့

လုပ်​ရက်​တယ်​ကွာ . .ငါနှလုံးသားရဲ့
အမှန်​တရားကို သိလိုက်​ရတဲ့ အချိန်​ဟာ
သိပ်​ကို ​နောက်​ကျသွားခဲ့ပြီ

သူ မတုန်မလှုပ်​နဲ့ တစ်​နာရီ​လောက်
ထိုင်​​နေပြီးမှ ဆုံးဖြတ်​ချက်​တစ်​ခုချလိုက်​ပြီး
မာမီ့ဆီကို ဖုန်း​ခေါ်လိုက်​သည်

" မာမီ ကျွန်​​တော်​ မနက်​ဖန်​ ပြန်​လာခဲ့မယ်
ကျွန်​​တော့် နှလုံးသားရဲ့ အ​ဖြေကို
ရှင်းရှင်းလင်းလင်း သိသွားပြီ "

မာမီနဲ့ ခဏ​လောက်​​ပြောပြီး
သူဖုန်းချလိုက်​သည်

သူ့ကို သစ္စာ​ဖောက်​သွား​သော 
နေ​ရောင့်​ ရဲ့ မျက်​နှာက​လေးကို
သူ အရမ်း​တွေ့ချင်​​နေမိသည်

နှစ်​နှစ်​လုံး သို​လှောင်​ထားခဲ့ရတဲ့ သူ့ရဲ့
အချစ်​​တွေကို ​နေ​ရောင်​ သိ​အောင်​​တော့ 
နောက်​ဆုံးအကြိမ်​​လေးပဲ ဖြစ်​ဖြစ်
သူ ​ပြောဖြစ်​​အောင်​ ကြိုးစားရမည်​​လေ

#Next
#Green💚😊

 Dear my love ( Completed )Where stories live. Discover now