Part - 10 ( Unicode )

601 24 1
                                    


အဝေးကို အဝေးကို အချစ်လေး ထွက်ခွာ
သွားချိန် ....🎶

နောက်ဆုံးတော့ ချန်ထားခဲ့ ဒီလို မျက်ရည်
စများ .....🎶

သူ အကြိုက်ဆုံး စော်လားထော်ဝါး ရဲ့
သီချင်းသံမြည်လာတာကြောင့် ဇွဲဆု အိပ်ချင်
မူးတူးနဲ့ ဖုန်းကို ကောက်ကိုင်လိုက်သည်။

" ဟယ်လို "

" အကို ကျွန်တော် နေရောင်လင်းပါ "

ကြားဖူးနေကျ အသံချိူချိူလေးကြောင့် သူ
မျက်လုံး မျက်ဆံများ ပြူးကျယ်သွားသည်။

" ဟိုနေ့က ကျွန်တော့်ကို ကူညီလိုက်တာ
အကို့ကို ကျေးဇူးတင်တယ်လို့ အခုထိ
မပြောရသေးလို့ပါ အကိုအားရင် ကျွန်တော်
ကော်ဖီပဲ ဖြစ်ဖြစ် လိုက်တိုက်ပါရစေ "

" ငါ မအားဖူး ဆော်နဲ့ ချိန်းထားတယ် "

သူ့ပါးစပ်ထဲရှိရာ ခပ်မြန်မြန်ပြောချလိုက်သည်။

သွားပြီ တကယ်တော့ ဘယ်သူနဲ့မှ ချိန်းထား
တာ မရှိ ။ အမှန်တကယ် နေရောင်လင်းကို
သူ အရမ်း လွမ်းဆွတ်နေလျက် တွေ့ချင်နေခဲ့
တာဖြစ်သည်။

"အင်း ဆောရီးနော် အကို အဲတာဆို ကျွန်တော်
ဖုန်းချလိုက်တော့မယ် အကိုအားတဲ့အချိန်မှ
ကျွန်တော့်ကို ခေါ်လိုက်နော်"

နေရောင်လင်းဘက်က ဖုန်းချပြီးသွားသည်
အထိ သူ ဖုန်းကို ကိုင်ထားမိသည်။

ဘာလို့များ သူမာဆတ်ဆတ်ပြောလိုက်မိပါလိမ့်
မနေ့က တစ်ညလုံးလည်း နေရောင်လင်းကို
သေလုမတတ် သူ တွေ့ချင်နေခဲ့တာကို...။

ကျွတ်စ် . . . . .ငါ ရူးနေပြီ .....

သူ ပါးစပ်ကလည်း ပွစိပွစိ ရွတ်ရင်း
ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။
သူဘာလုပ်ရမလဲ . .မတတ်နိုင်။ သက်ပြင်း
ဖွဖွ ချလိုက်ကာ နေရောင်လင်းကို ဖုန်းပြန်
ခေါ်ရန် သူ ဆုံးဖြတ်လိုက်သည်။

မတွေ့ရလျှင် ပိုရူးသွားနိုင်သည် မဟုတ်လား ..။

" ဟယ်လို "

နေရောင်လင်း ဘက်က ကြည်လင်နေတဲ့ အသံ
လေးကို ဒုတိယတစ်ကြိမ် နားဝင်ချိူစွာ ပြန်ကြား
လိုက်ရသည်။

 Dear my love ( Completed )Where stories live. Discover now