Part - 9 ( Zawgyi )

10.9K 684 1
                                    


" Dear Diary "📔📔📔

ဒိုင်​ယာရီ​လေး​ရေ ကျွန်​မ ရှင့်​ကို ​ပြောပြစရာ
တစ်​ခုရှိတယ်​ သိလား ။

ကျွန်​မ​လေ ဒီနေ့ကျောင်းမှာ ​​ကောင်​လေး
တစ်ယောက်​ကို အမှတ်မထင်​​တွေ့ခဲ့တယ်

သူက တစ်​​ယောက်​တည်း မုန့်​စားရင်း
လမ်း​လျှောက်​​နေခဲ့တာ

ကျွန်​မ သူ့ကို ဘာရယ်​မဟုတ်​ငေးကြည့်​နေမိ
ခဲ့တယ်

သူ လျှောက်​​လာတဲ့ လမ်း​ပေါ်မှာ ​ခွေး​လေး
တစ်​​ကောင်​က သူ့​ရှေ့​ရောက်​လာတယ်​။ 
ခွေး​လေးက သနားစရာ​လေးပါ အစာမစားရ
ရှာလို့ ထင်​တယ်​ ပိန်​လှီး​ဖျော့​တော့​နေတာပဲ။

သူ​ ​ခွေး​လေးကို ခဏ​ငေးကြည့်​​နေတယ်​။
ပြီး​တော့ ​ခေါင်း​လေးကို ကြင်ကြင်နာနာနဲ့
ပွတ်​​ပေးလိုက်​တယ်​ ။သူလက်ထဲက သူ
စား​လက်စ မုန့်​​လေးကိုလည်း ​ခွေး​လေး
ကို ချ​ကျွေးလိုက်​သေးတယ်

ခွေး​လေးကို ခွံ ကျွေးလိုက်​ သူကတလှည့်
စားလိုက်​နဲ့ အလုပ်​ကို ရှုပ်​​နေတာပဲ ။

ကျွန်​မ သူ့ကို ကြည့်​ရင်း ပြုံး​နေမိတယ်
ဒီလို ကြင်​နာတတ်​တဲ့ လူ​တွေလည်း
လောကကြီးမှာ ရှိ​သေးတာပဲ​နော်

မုန့်​ကုန်​သွား​တော့ သူက ​ခွေး​လေးရဲ့​ခေါင်းကို
တစ်​ချက်​ နှစ်​ချက်​ပွတ်​​ပေးလိုက်​ပြီး ပြုံးပြီး
ကြည့်နေတယ်။ သူမျက်နှာမှာ ပီတီတွေဖြာ
ဝေနေသလိုပဲ ။ နောက်တော့ ခွေးလေးကို
ထားပြီး သူ ထွက်​သွားတယ်​ ​။

ခွေး​လေး မျက်​နှာကလည်း မုန့်​စားလိုက်​ရလို့ 
ကျေနပ်​သွားတဲ့ပုံပဲ ။ ထွက်သွားတဲ့ သူကျော
ပြင်ကို ငေးကြည့်နေလိုက်တာ သူ့ကိုမွေးထား
တဲ့ သခင်တစ်ယောက်လိုပဲ။

ကျွန်​မ အဲ​ကောင်​​လေးရဲ့ ဖြူစင်​လှတဲ့
စိတ်​ထား​လေးကို သ​ဘောကျလိုက်​တာ "

ဂျူဂျူးရဲ့ဒိုင်​ယာရီထဲက ပထမဆုံးစာမျက်​နှာ
လေးကို ဖတ်လိုက်​ပြီး သူ ပြုံးလိုက်​မိတယ်​ 
လောကကြီးမှာ ဒီလို နူးညံ့ကြင်​နာတတ်​တဲ့
လူ​တွေလည်း ရှိ​သေးတာပါလား....။

 Dear my love ( Completed )Where stories live. Discover now