Part - 3 ( Unicode)

3.2K 203 3
                                    

"ဇြဲ ဈေးရောင်းပြဲတော် လိုက်ပို့နော် "

ကဗျာက အတင်းဂျီကျနေသောကြောင့်
သူတို့ကျောင်းရဲ့ဈေးရောင်းပွဲတော်ကို
ကဗျာနဲ့အတူ ရောက်လာခဲ့သည်။

မေဂျာစုံ ကျောင်းသားတွေ တစ်ဖွဲ့ချင်းစီ
စားသောက်စရာ မျိူးစုံကို အထူးအဆန်း
လေးတွေ ဖန်တီးကာ ကိုယ်တိုင်
လုပ်ရောင်းကျသည်မှာ ပျော်စရာပင်။

ကျောင်းဈေးပွဲတော် မုန့်ဈေးတန်း တစ်လျှောက်
သူနဲ့ကဗျာ လက်ချင်းတွဲကာလျှောက်လာသည်

ဂျပန်အစားအစာ ထိုင်းအစားအစာ
ကိုရီးယားအစားအစာတွေအပြင် ကိုယ်တိုင်
လုပ် Handmade လက်ဆောင်ပစ္စည်းဆိုင်
လေးတွေ ၊ သူ့တို့ကျောင်းရဲ့ Logo အမှတ်
တံဆိပ်ပါသော အမှတ်တရ အင်္ကျီဆိုင်လေးတွေ
စာအုပ်ဆိုင်တွေအပြင် အပျော်တမ်းဓာတ်ပုံဆိုင်လေးတွေနဲ့ Unplugged Show တီးဝိုင်းလေး
ပါ ရှိသောကြောင့်အရောင်အသွေး စုံလင်လှကာ
စိတ်ချမ်းမြေ့ကြည်နူးစရာပင်။

" ဇွဲ ရေခဲ့မုန့် စားရအောင် "

ကဗျာက သူ့လက်ကိုအတင်းဆွဲကာ
ရေခဲမုန့်ဆိုင်လေး ရှိရာသို့ ဆွဲခေါ်သွားသည်။

အဖြူရောင်ရှပ်လေးတွေ ဆင်တူ၀တ်ကာ
ဦးထုတ်အဖြူလေးတွေဆောင်းလျက်
ရောင်းနေကျသော ချစ်စရာ ရေခဲ့မုန့်
ဆိုင်သေးသေးလေးဟာ လူတွေ စည်ကား
နေပေသည်။

" နေရောင် ဒီကိုလည်း တစ်ခွက် "

မိန်းကလေးတွေစုပြုံကာ မှာနေသောကြောင့်
သူဟာ ရေခဲမုန့်လုပ်နေသော တစ်ယောက်ကို
အမှတ်မထင် ကြည့်လိုက်မိသည်။

အဖြူရောင် ဦးထုတ်အောက်က နို့နှစ်ရောင်
လို ဝင်းမွတ်ကြည်လင်နေတဲ့ အသားအရေ ၊
နှာတံစင်းစင်းအပြင် ခပ်ရေးရေးလေးသာ
က်နေတဲ့ ဆံပင်အညို နဲ့ ပါးချိူင့်နှစ်ဖက်က
ထင်းနေတာမို့ ရယ်လိုက်တိုင်း ဆွဲဆောင်မှု
ရှိလှတာပင် ။

ဒီ အပြုံးတွေကို သူ နီးနီးကပ်ကပ်တစ်ခါ
မြင်ခဲ့ဖူးသည်။

ဇွဲဆု ထိုကောင်လေးကို မျက်တောင်မခတ်
ငေးမောနေမိသည်။

သွယ်လျတဲ့ လက်ချောင်းတွေနဲ့ တစ်ခုချင်း
လုပ်နေပုံက ကဗျာဆန်လှတာမို့ သူ့မျက်လုံးတွေဟာထိုကောင်လေးဆီမှ တော်တော်နဲ့မခွာမိ။

 Dear my love ( Completed )Where stories live. Discover now