Part - 12 ( Unicode)

486 22 0
                                    

part - 12

" Black Coffee တစ်ခွက် သံပုရာသီး
များများ ညစ်ပေးပါ "

ဇွဲဆုက ကျောင်းကန်တင်းက ဆိုင်တစ်ဆိုင်မှာ
လက်ထဲက ကျောပိုးအိတ်ကို ပစ်ချလိုက်
စားပွဲထိုးကို ကြည့်ကာ မှာလိုက်သည်။

မနေ့ညကကလပ်မှာ အသားကုန်သောက်
ထားတာကြောင့် မိုးလင်းကတည်းက
ခေါင်းက နောက်ကျိကျိဖြစ်နေသည် ။

" ဟေ့ကောင် မင်းက ဇွဲဆု လား "

ယောကျ်ားသံတစ်သံကြောင့် ဇွဲဆု ခပ်ဆတ်
ဆတ် မော့ကြည့်လိုက်သည်။

"ငါက ပိုးကဗျာ့ရဲ့အကိုပဲ မင်းကြောင့် ငါ့ ညီမ
အခုထိ မစားနိုင် မအိပ်နိုင်နဲ့ ဆေးရုံရောက်နေ
ပြီကွ အဲအတွက် မင်း ဘာလုပ်ပေးမှာလဲ  "

"ဟက် သူ့ဘာသာ ဆေးရုံရောက်တာ
ငါနဲ့ ဘာဆိုင်လဲ မင်းလူမှားနေပြီထင်တယ် "

"ဟေ့ကောင်...မင်း မိုက်ရိုင်းလှချည်လား
မင်းနဲ့ငါ့ညီမ ပိုးကဗျာ တွဲလာတာ
တစ်ကျောင်းလုံးသက်သေရှိတယ်ကွ "

" အဲတော့ငါကဘာလုပ်ပေးရမှာလဲ ဆေးရုံမှာ
လူနာလိုက်စောင့် ပေးရဦးမှာလား "

ဇွဲဆုက သူ့စတိုင်အတိုင်း ခနဲ့တဲ့တဲ့ ပြုံးလိုက်ရင်း
စီးကရက်ကို တစ်ချက်ဖွာထုတ်လိုက်သည်။

" ခွေးမသား "

သူ့ကို ရန်လာစသော ပိုးကဗျာရဲ့ အကိုဟု
ဆိုသော ကောင့်ရဲ့ လက်သီးက ဇွဲဆု မျက်နှာ
ပေါ် အရှိန်ပြင်းပြင်း တစ်ချက်ရောက်လာသည်။

ရုတ်တရက်ဆိုတော့ သူ မရှောင်လိုက်မိ..။
ထို့နောက် ဇွဲဆုကို တစ်ဖက်က ယောကျ်ား
နှစ်ယောက်က ချူပ်ကိုင်ကာ ပိုးကဗျာရဲ့
အကိုက လက်သီးနဲ့ဆက်တိုက်ထိုးနေတာမို့
သူနှာခေါင်းသွေးတွေက ရေစီးသလို လျှံကျ
လာသည်။ ခေါင်းက နောက်ကျိကျိ ဖြစ်နေတာ
တင်မက မမျှတသော လူအင်အားကြောင့် ဇွဲဆု
ဘာမှ ပြန်မခုခံနိုင်တော့ချေ ။

စာသင်ချိန်ဖြစ်တာမို့ ကန်တင်းမှာ မိန်းကလေး
တစ်ယောက်နှစ်ယောက်ပဲ ရှိနေကာ သူ့ဘက်က
ဝိုင်းကူ မယ့်သူမရှိ ..။

" ဟေ့ကောင်တွေ ရပ်လိုက်စမ်း "

တစ်ကျောင်းလုံးကြောက်ရသော မော်ကွန်းထိန်း
ရဲ့ အမိန့်ပေးသံ ထွက်လာတာကြောင့်် အကုန်လုံး
တမဟုတ်ချင်း ငြိမ်သွားကျသည်။

 Dear my love ( Completed )Where stories live. Discover now