Part - 6 (Unicode)

2.2K 140 2
                                    

( ချောင်းသာ ပထမနေ့ )

ဇွဲဆုသည် အဝေးပြေး ကားပေါ်က သုံးခုံ
မြောက်ခုံမှာ နေရာယူလိုက်ရင်း မ်က္စိကို
မှိတ်ထားကာ အေးအေးလူလူပင် ကျောမှီ
လျက် ထိုင်နေလိုက်သည်။

သူ့ဘေးမှာတော့ တေဇာ ထိုင်သည်။ မြတ်သူ
ကတော့ သူတို့ မေဂျာက ကောင်မလေး
တစ်ယောက်ကိုလိုက်နေ၍ ထိုကောင်မလေး
ဘေးမှာ ဖွန်ကြောင်ကာ သွားထိုင်သည်။

"ဂျူဂျူး ပါလာရင် သိပ်ကောင်းမှာဘဲ
ဂျူဂျူးကို အရမ်း သတိရ တာပဲဟာ "

" နင်ကလည်း စိတ်မကောင်းဖြစ်မနေပါနဲ့
ဂျူဂျူးက အေးအေးဆေးဆေး အနားယူသွား
တာပါ သူ့နှလုံးသားလေးကိုတောင် တခြား
တစ်ယောက်ကိုလှူသွားသေးတာပဲလေ ဂျူဂျူး
အခုထိကောင်းကောင်း ရှင်သန်နေလိုပါပဲဟာ
အဲလိုပဲတွေးပြီး စိတ်ဖြေလိုက်ပါ "

သူ့နောက်ခုံမှာထိုင်လျက် ပြောနေကျသော
ကောင်မလေးနှစ်ယောက် ရဲ့စကားကို ဇွဲဆု
နားစွင့်နေမိသည်။ သူတို့ ပြောနေတဲ့ ဂျူဂျူး
ဆိုတာ သူ့ကို နှလုံးသားလေးပေးသွားတဲ့
ပိုင်ရှင်အဟောင်းများ ဖြစ်နေမလားဟုလည်း
မဆီမဆိုင် တွေးနေမိသည်။

သူ စိတ်ရှုပ်ထွေးသွားသည်။ သူ နှလုံးသားရဲ့
ပိုင်ရှင်ဟာ မိန်းကလေးတစ်ယောက်ဟု မာမီ
ပြောသလောက်သာ သူသိထားသည်။

သူ့နှလုံးသားရဲ့ပိုင်ရှင်အဟောင်းကိုလည်း
သိပ်ကို ကျေးဇူးတင်ချင်သည်မို့ ချောင်းသာ
က ပြန်ရောက်တာနဲ့ ဒီကိစ္စကို စုံစမ်းရမည်ဟု
သူ ဆုံးဖြတ်လိုက်သည်။

** ** ** ** ** ** ** ** ** ** ** ** ** ** ** ** ** **

" ဟေး . . .ရောက်ပြီကွ "

တစ်ညတာကားပေါ်မှာ ဖြတ်သန်းပြီးနောက်
ချောင်းသာကို ရောက်လာသည်။ကျောင်းသား
တစ်ချိူ့ကေပျာ်ရွင်စွာ အော်လျက် ကားပေါ်က
ဆင်းသွားကြသည်။

"ငါနဲ့ မြတ်သူက အခန်း 105 မှာ ဇွဲဆု မင်း
အခန်းက ငါတို့နဲ့ ကပ်လျက် 106 မလား မင်း
ဘယ်သူနဲ့ကျတာလဲ"

" ငါမသိဖူး သွားကြည့်ရဦးမှာ "

"အေး အဲတာဆို မင်းအခန်းပြန်ပြီး နားချင်
နားတာ့လေ ငါလည်း ရေချိူးပြီး တစ်ရေး
တစ်မော နှပ်လိုက်ဦးမယ် see you ဇွဲဆု "

 Dear my love ( Completed )Where stories live. Discover now