Part - 0 ( Unicode)

8.2K 230 0
                                    

Dear Diary ,

ဒိုင်ယာရီလေးရေ

ကျွန်မ ရင်ဖွင့်လို့ရတာ
ရှင် တစ်ယောက်ပဲ ရှိတယ်

ရှင်သာ လူတစ်ယောက် ဖြစ်တယ်ဆိုရင်
နားငြီးတယ် ဆိုပြီး ဘယ်လောက်တောင်
အော်နေလိုက်မလဲနော် ...

ကျွန်မဆိုတာကလည်း သူ့ကို
ချစ်ဖို့အတွက် တစ်ခုတည်း နဲ့များ
မွေးဖွားလာခဲ့သလား

တစ်ခါတစ်လေ ပင်ပန်းလွန်းလို့
ရပ်လိုက်ချင်ပေမဲ့ ကျွန်မစိတ်တွေကို
ထိန်းချူပ်လို့မရနိုင်သေးဖူး

သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး
အတော်ဆုံး အပြည့်စုံဆုံးတော့
မဟုတ်ပေမဲ့ သူ့ဆီမှာ ကျွန်မ နှလုံးသားကို
ချူပ်ကိုင်နိုင်တဲ့ တစ်စုံတစ်ခုရှိနေတယ်
သူ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ
ကျွန်မ အမြဲတမ်း ချစ်နေချင်တယ်

ဒီကမ္ဘာမှာ ကျွန်မ,မရှိတော့ရင်တောင်မှ
သူ့အတွက် ကျွန်မရဲ့ အချစ်တွေကို
ရှင်သန််နေစေချင်သေးတယ်

ကျွန်မ . . .သူ့ကို သိပ်ချစ်တယ်

ဂျူဂျူး

* * * * * * * * * * * * * * * * * * * * * * * * * * * * *

" ဒုတ် . . .ဒုတ် . . .ဒုတ် "

"လူနာ သတိရလာပြီ ဆရာ၀န်တွေ
သွားခေါ်တော့ "

သူ့လက်ချောင်းလေးတွေကို စတင်လှုပ်ရှား
ကြည့်လိုက်သည်။

အသက်ကို ပုံမှန် ရှုသွင်းလိုက်ကာ
သူ့နှလုံးသား အသစ်လေးရဲ့အသံကို
နားထောင်လိုက်သည်။

သူမသိရသော ဒီ နှလုံးသားရဲ့
မူလပိုင်ရှင်ကိုလည်း စိတ်ထဲကနေ
ကျေးဇူးတင်နေမိသည်။

* * * * * * * * * * * * * * * * * * * * * * * * * * * *

#Next
A Seinn Kyaw

 Dear my love ( Completed )Where stories live. Discover now