Part - 5 ( Unicode)

2.5K 156 0
                                    

မိဘမဲ့ ကလေးကျောင်းက ပြန်လာပြီးနောက်
ဇြဲဆု နဲ့ နေရောင်လင်းဟာ အရင်က ထက်ပိုပြီး
ရင်းနှီးလာသောကြောင့် တစ်ခါတစ်ရံ ကန်တင်း
မှာ ဆုံမိလျှင် မျက်နှာချိူသော နေရောင်လင်း
ကပဲ ဖော်ဖော်ရွေရွေဖြင့်အရင်စ နှုတ်ဆက်တတ်သည်။

" အကို နေကောင်းလား ဗျ "

နေရောင်လင်းက ကန်တင်းမှာ ထိုင်နေသော
ဇွဲဆုကို မြင်လိုက်တာကြောင့် နှုတ်ဆက်ကာ
ဇွဲဆု ထိုင်နေရာဝိုင်းသို့ လျှောက်လာခဲ့သည်။

နေရောင်လင်းက ဇွဲဆု ဘေးက ခုံကိုဆွဲယူကာ
ထိုင်မယ်အလုပ် ဇွဲဆုက လက်ပြတားလိုက်ကာ

"ခဏ ခဏ နေရောင် ငါ့ ဘေးမှာ မထိုင်ပဲ ငါနဲ့
တစ်ကိုက်အကွာ တစ်ခုံကျော်လောက်မှာ ထိုင်
ပေးပါလား"

ဇွဲဆု ရဲ့ ကြောင်တောင်တောင် စကားကို
နေရောင်က ရယ်လိုက်ကာ .....

"ကျွန်တော် ဆီက ချွေးနံ့ရနေလို့လားဗျ
အဲတာဆို ကန်တော့နော် အကို "

နေရောင်က လက်အုပ်ချီကာ ပြောလိုက်ရင်း
သူနဲ့ တစ်ခုံကျော်က ခုံကို ဆွဲယူကာ ထိုင်လိုက်
သည်။ နေရောင်ရဲ့ စကားကိုတော့ သူဘာမှ
မတုံ့ပြန်မိပါ ။

နေရောင် အနားမှာ အနီးကပ် ရှိနေလျှင် သူ့
ရင်ဘတ်က ကျယ်လောင်စွယ မြည်ဟီးလာသော
ကြောင့် ထိုရင်ခုန်သံတွေကို နေရောင်ကြားမှာ
စိုးသဖြင့် သူနဲ့ တစ်ကိုက်လောက် အကြာမှာ
နေခိုင်းရသည့် ဖြစ်ရပ်မှန်ကို တော့ သူနေရောင့်
ကို မပြောဖြစ်တော့...။

မတော်တဆ ရင်ခုန်မှုတွေကတဆင့် ချစ်မိသွား
လျှင် မတွေးရဲစရာပင်။ ထိုအဖြစ်တွေကို လက်မခံ နိုင်သောကြောင့် သူ့စိတ်သူ မနဲပင် ထိန်းချူပ်
နေရသည်ကိုတော့ တစ်ကိုယ်တည်းသာ သိလေ
သည်။

" အကို နောက်အပတ် ကျွန်ေတာ်တို့ မေဂျာ
ကျောင်းသားတွေ ချောင်းသာကို Trip ထွက်မှာ
အကို လိုက်ခဲ့ပါလား "

"အိုကေ အကို စဉ်းစာပြီးတော့ ပြောမယ်လေ "

"အကို လိုက်ခဲ့ရင် ပိုကောင်းတာပေါ့ "

"အင်း "

သူ ခေါင်းငြိမ့်ပြလိုက်သည်။မြတ်သူ နဲ့ တေဇာ
ကလည်း ခေါ်နေသဖြင့် သူစဉ်းစားနေတာ
ဖြစ်သည် ။

နေရောင်လင်း ပါ လိုက်မယ် ဆိုသောကြောင့်
စိတ်ထဲက ပိုပျော်သွားသည်။ သူ အရှက်ပြေ
စဉ်းစာမယ် လို့ပြောလိုက်ပေမဲ့ နေရောင်လင်း
ကြောင့် ဤခရီးစဉ်ကို သူ ငြင်းမိမှာ မဟုတ်ပေ။

* * * * * * * * * * * * * * * * * * * * * * * * * * * *

" ဇွဲဆု မင်းကတော့ ever မိုက်တယ်ကွာ "

တေဇာက ကားနောက်ကို မှီရင်း ရပ်နေသော
သူ့ကိုအားကျသလို ငေးမာရင်းပြောလိုက်သည်။ ပင်လယ်ကမ်းခြေကို ခရီးထွက်ရမှာကြောင့်
အပွင့်အဖတ်လေးတွေပါသော အပြာနုရောင်
အကျီကို ၀မ်းကြာတား အဖြူရောင်ဂျင်းဘောင်းဘီတိုနဲ့ တွဲ၀တ်လာကာ ကြိုးသိုင်းဖိနပ်အမဲလေးပါ စီးထားတာကြောင့် ဇွဲဆု ပုံစံ က လုံး၀ကို သန့်ပြန့်ပြီး ကြည့်ကောင်းနေတာပင်။

" ငါ ဘယ်တုန်း က မမိုက်လို့လဲ "

ဇွဲဆုက မျက်ခုံး ပင့်ကာ ပြောတော့ တေဇာက
ဒီကောင်မနိုင်ပါဖူးကွာ ဟူသော အကြည့်နဲ့
ခေါင်းကို တစ်ချက်ရမ်းလိုက်သည်။

"ဇွဲ ဂရုစိုက်သွားနော် ဘုရားစာ လေးလည်းရွတ်
ကဗျာ လုံး၀ စိတ်မချဖူး လိုက်လို့ မရလို့သာ "

ပိုးကဗျာ ဆီက ဝင်လာသော စိတ်ရှုပ်စရာ
မက်ဆေ့ချ်ကို ဇွဲဆု ချက်ချင်း ပိတ်ပစ်လိုက်သည်။

မင်းမပါတာပဲ ခပ်ကောင်းကောင်း က​ဗျာရေ။
ကဗျာ့ကို သူ .....စိတ်ကုန်လှပြီ ။

"နေရောင်လင်းက ကျောင်းသား ခေါင်းဆောင်
ပီသတယ်နော် အလုပ်တွေ အကုန် သိမ်းကျုံး
လုပ်တာ "

တေဇာ က စာအုပ်တစ်အုပ်ကိုင်ကာ ယူရမည့်
ပစ္စည်းစာရင်းတွေ မှတ်ပြီး သူတို့သွားမည့် Bus ကားနားမှာ စီမံ ခန့်ခွဲနေသော နေရောင်လင်း
ကို ကြည့်ကာ ပြောလိုက်သည်

" သူ့မှာ ဆော်ရှိလား တေဇာ "

ထင်မှတ်မထားသော သူ့ မေးခွန်းကြောင့်
တေဇာပင် မျက်လုံးပြူးသွားသည်။

"သူမှာ ဆော်ရှိတာ မရှိတာ မင်းနဲ့ ဘာဆိုင်လို့လဲ
ယောက်ဖ တော်ရအောင်လည်း မင်းမှာ ညီမ
မရှိပါဖူး ဧကန္တ မင်း နေရောင်လင်းကို ယောကျ်ား
ချင်းများ ကြိုက် . . . .ကြိုက် "

ဇွဲဆုက ကိုယ့်ကို လာနောက်နေသော တေဇာ့
ပါးစပ်ကို လက်ဖြင့် လှမ်းပိတ်လိုက်ကာ ...

"ကြိုက်စရာလား . .မင်းပဲကြိုက် ဟေ့ကောင် "

ဟု ပြောလိုက်သည်။ထို့နောက် ရှက်ကိုးရှက်
ကန်းဖြင့် ထိုနေရာမှ ထွက်ခဲ့လိုက်သည် ။

ဒီကောင် တေဇာ လုပ်တာနဲ့ သူ နေရောင်လင်း
ကို တဖက်သတ် စိတ်၀င်စားနေတာတွေ အကုန်
ပေါ်ကုန်တော့မှာပဲ ......

******************************************************

 Dear my love ( Completed )Where stories live. Discover now