Part - 2 ( Unicode)

3.8K 241 0
                                    


စာသင်ခန်း ထဲကို ရောက်လာတော့
ထုံးစံအတိုင်း သူ့သူငယ်ချင်းတွေက
နွေးနွေးထွေးထွေးပင် ဆီးကြိုကျသည်။

"သားကြီး နေပြန်ကောင်းလာတာ
၀မ်းသာတယ်ကွာ "

"အေးကွာ မင်းလို လူချမ်းသာ လူရှုပ်လူပွေ
တစ်ယောက်ဆီမှာ မွေးရာပါ နှလုံးရောဂါ
ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ "

"ကျောင်းမှာ ဘာသတင်း ထူးသေးလဲ "

သူ ကျောပိုးအိတ်ကို ဘုတ်ခနဲပစ်ချလျက်
မေးလိုက်သည်။

"တခြား ထွေထွေထူးထူး မရှိပါဖူး ငါတို့ထက်
တစ်နှစ်ငယ်တဲ့ ဂျူနီယာခန်းမှာတော့
ကောင်မလေး တစ်ယောက် ကားအက်စီးဒင့်
ဖြစ်ပြီး ဆုံးသွားတယ် ကြားတယ် ကျန်တာတော့ အေးဆေးပဲ "

သူ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက်
စကားစကို ရပ်လိုက်ကာ သူဖုန်းသူထုတ်ကာ
ကြည့်နေလိုက်သည် သူငယ်ချင်းတွေကတော့
ဘေးကနေ နောင်ပြောင်လျက်

"တီ . . .တီ . . .တီ "

ဖုန်းကိုကြည့်နေရင်းမှ ကဗျာ့ဆီက ဖုန်းသံ
မြည်လာတာကြောင့် သူ အလိုလို စိတ်ရှုပ်
သွားရသည်။

ပိုးကဗျာ ဆိုတာ ကျောင်းရဲ့အဟော့ဆုံး
ထိပ်တန်း စာရင်း၀င် မိန်းမလှတစ်ယောက်။

ကဗျာဟာ တခြားသူတွေရဲ့ မျက်လုံးထဲမှာ
ဘယ်လောက်ပဲလှပါစေဦးတော့ သူ့မျက်လုံး
ထဲတော့ တိုးမပေါက်တော့တာပင် ။

ကဗျာ နဲ့ သူတွဲခဲ့တာ ခြောက်လကျော်ပြီ
ဖြစ်သောကြောင့် ကဗျာရဲ့အလှအပတွေ
ပစ်ချွဲချွဲစကားလုံးတွေက သူ့အတွက်
ရိုးအီနေကာ နား၀င်မချိူတော့

မိန်းကလေး တစ်ယောက်ကို ခြောက်လ
ထက်ပို မတွဲတတ်သော သူ့အဖို့တော့
ကဗျာဟာ အခုချိန်မှာ အရှုပ်ထုတ်
တစ်ယောက်လို ဖြစ်နေခဲ့တာပင်။

" ဟယ်လို "

"ဇွဲ နေကောင်းရဲ့လားဟင် ဇွဲ ဆေးရုံက
ဆင်းလာကတည်းက ကဗျာ့ဆီ ဖုန်းမဆက်
လို့လေ ​ကဗျာလေ ဇွဲကို အရမ်းလွမ်းတာပဲ
သိလား ဇွဲနဲ့ လည်း အရမ်း တွေ့ချင်တယ် "

ကဗျာရဲ့ သကာရည်လောင်းထားသလား
ထင်ရသော ချိူအီနေသော အသံက သူ့နားထဲ
အတောင့်လိုက် ၀င်သွားသည်။

ဒီလို အီစီကလီ ချွဲပစ်ပစ် အသံတွေ
သူရင်မခုန်တတ်တော့ ။

" . . . . ."

သူ နှုတ်ဆိတ်နေတာကြောင့် ကဗျာ့ဆီက
စကားသံ ထပ်ထွက်လာသည်

"ဇွဲ ဘာလို့ ဘာမှ ပြန်မပြောတာလဲ ဇွဲ ရော
ကဗျာ့ကို မလွမ်းဖူးလား ကဗျာတော့ ဇွဲကို
အရမ်းလွမ်းတယ်မနက်ဖန် ကဗျာတို့
တွေ့ရအောင်နော် ဇွဲ "

"အိုကေ ကဗျာ ကိုယ်သိပ်တော့ အချိန်မရဖူး
ဒါပေမဲ့ ကဗျာ သိပ်တွေ့ချင်နေတယ်ဆိုလည်း
ကိုယ်လာခဲ့ပါ့မယ်"

သူ စကားစဖြတ်ကာ ဖုန်းကိုချလိုက်သည်။

ဘယ်တော့မှ ကောင်မလေးတွေကို သူ
ချိူချိူသာသာ ပြောလေ့မရှိ။

ဒါတောင် သူ့အနားမှာ တွယ်ကပ်ကာ
သူ့ကို သည်းသည်းလှုပ် ချစ်ပြနေသော
မိန်းကလေးတွေ သူ့နားမှာ တစ်ပုံကြီးပင်။

တချိူ့က သူ ချမ်းသာလို့ တချိူ့က
သူ ရုပ်ချောလို့ တချိူ့က သူရဲ့ကျော်ကြားမှုနဲ့
ဂုဏ်တွေကို မက်လို့ ဒီလို လူတွေကြားထဲမှာ
သူ့ကို အချစ်စစ်နဲ့ ချဉ်းကပ်တဲ့ မိန်းကလေး
ဆိုတာ တစ်ရာခိုင်နှုန်း လောက်တောင်
ပါပါ့မလားပင် မသိနိုင်ပါ။

သူ ဆေးရုံက ဆင်းပြီးနောက်ပိုင်းမှာလည်း
အမျိူးအမည် မသိသော ခံစားချက်ကြီး
၀င်လာကာ သူကိုယ်တိုင်ပင် ဝေခွဲမရ ။

သူ နှလုံးသား တွေသည် တစ်စုံတစ်ခုကို
တွေ့တိုင်း တဒိတ်ဒိတ် ခုန်နေကာ ထို
တစ်စုံတစ်ရာဟာလည်း ဘာမှန်း သူ အခုထိ
အဖြေမရှာတတ်သေးပါ။

 Dear my love ( Completed )Where stories live. Discover now