Part - 11 ( Zawgyi)

10.6K 690 5
                                    

Club ထဲမှာ သီချင်းသံ​တွေက
ဆူညံပွက်​​လော ရိုက်​​နေသည်​။

ဇွဲဆု ​၀ီစကီတစ်​ခွက်​ ​မော့ချလိုက်​ကာ
မြတ်​သူကို လက်တို့လိုက်​သည်​ ။

" ​ဟျောင့်​ မြတ်​သူ "

ဇွဲဆုက မြတ်သူ ပုခုံးကို ပုတ်​လိုက်​တာ​ကြောင့်
မြတ်​သူ​ရော ​တေဇာပါ သူ့ဘက်​လှည့်​လာသည်​။

"ယောက်​ဖ ငါမင်းတို့ကိုရင်​ဖွင့်​စရာရှိတယ်​ကွာ 
အော့ . ငါရှက်​တယ်​ကွာ ​ပြောလည်းမ​ပြောချင်
ဖူး ဒါ​ပေမဲ့ ငါ​ပြောမှကို ဖြစ်​မယ်​ ငါ ​ယောက်ျား
ချင်း စိတ်​၀င်​စား​နေမိပြီ ထင်​တယ် "

သောက်​ထား​သော​ကြောင့်​ သူ့အသံ​တွေက 
ခဲလုံးဆွဲထားသလို ​လေးပင်​​နေသည်။

" ဘာ . . . ဘယ်​လို . . .ဟင်​ "

" ဘယ်​လို . . .ဘယ်​လို "

မြတ်​သူ နဲ့ ​တေဇာ ဆီမှ အာ​မေဋိတ်​သံ
ပေါင်းစုံ ပြိုင်​တူ ထွက်​လာသည်​ ။

ခဏ​တော့ ဆွံ့အသွားကျပြီးမှ 
တေဇာက အရင်​စကာ ....

"ငါ့ကို ကြိုက်​​နေတာမဟုတ်​ရင်​ ပြီး​ရောကွာ "

တေဇာ က အရွှန်းဖောက်လိုက်တာကြောင့်
ဇွဲဆုရော မြတ်​သူက ပေါ့ပါးစွာ ရယ်​လိုက်​ကျ
သည်​။

ထို့​နောက်​ မြတ်​သူက ​တေဇာ့ကို နားရင်း
တစ်​ချက်​အုပ်​လိုက်​ကာ....

"မင်း မျက်​ခွက်​ကြီး မှန်​ထဲပြန်​ကြည့်​ဦး
ဇွဲဆုက ​ယောက်ျားချင်း ကြိုက်​တယ်​ပဲထားဦး
မင်း ရုပ်​ကြီး ကြိုက်​မလားကွာ ရွံတာ ထွီး "

" လဒ...မြတ်​သူ ​ခွေး​ကောင်​..လာခဲ့ မင်းနာမယ်​ "

" ဟား ဟား ဟား . . ."

တေဇာက ဆဲလိုက်​တာမို့ ဇွဲဆု နဲ့ မြတ်​သူက
ခွက်​ထိုးခွက်လန် ရယ်လျက် ​​​​။

သူငယ်​ချင်း​တွေက ​နောက်​​နေတာ​ကြောင့်​ သူ
စိတ်​​လေး​နေတာ​တွေ​တောင် ​ပေါ့သွားသလိုပင်

"ဟိုမှာ ငါတို့ရဲ့ ​​​​တော်လွန်း​​တဲ့ ​ကျောင်းသား
ခေါင်း​ဆောင်​ကြီးက Club မှာလည်း စားပွဲထိုး
လုပ်တာပဲ​ဟေ့​ ဟား ဟား.. "

 Dear my love ( Completed )Where stories live. Discover now