Part - 4 ( Unicode)

1.6K 93 2
                                    

ပစ္စည်းတွေ စုံမစုံ စစ်ဆးပြီး ဇွဲဆုက သူ့ရဲ့
ကားနောက်ခန်းတံခါးကို ဘုန်းခနဲ မြည်အောင်
ပိတ်လိုက်သည်။

"ဇွဲ . .အခုလို ကူညီတာ ကျေးဇူးကွာ လှူရမယ့်
ပစ္စည်းတွေက များနေတော့ သယ်ဖို့ ကားက
Light Truck နှစ်စီးတည်းနဲ့ မလောက်တာနဲ့
မင်းကို အကူအညီ တောင်းလိုက်ရတာ "

ပရဟိတ အသင်းခေါင်းဆောင် ဖြစ်သော
မြတ်သူက ဇွဲဆု ပုခုံးကို ဖက်လျက်ပြောလိုက်
သည်။

အရင်ရက်က ကျင်းပခဲ့သော ကျောင်းဈေးရောင်း
ပြဲတော်မွာ ရခဲ့တဲ့ ရန်ပုံငွေတွေကို အကူအညီ
လိုအပ်နေတဲ့ ပရဟိတကျောင်းတွေမှာ သူတို့
ကျောင်းသားအုပ်စု သွားလှူကျတာဖြစ်သည်။

လှူရမယ့် ပစ္စည်းတွေက များလွန်းတာကြောင့်
မြတ်သူက ကားမလောက်၍ ဇွဲဆုကို အကူအညီ
တောင်းခဲ့တာပင်။

ဇွဲဆု အတွက်ကတော့ ဒီလောက်က ဘယ်
လောက်မှ အပန်းကြီးလှသည် မဟုတ်ပါ။

ထို့နောက် ကားကို စမောင်းထွက်ခဲ့လိုက်သည် ။
တခြားကျောင်းသား ကျောင်းသူ တွေကတော့
ပစ္စည်းတွေသယ်ကာ Light Truck နှစ်စီးနဲ့ သွားနှင့််ပြီ။

ဇွဲဆု ရဲ့ကားပေါ်မှာတော့ သူအပါအ၀င်
သူ့သူငယ်ချင်းတွေ ဖြစ်ကျသော မြတ်သူ နဲ့
တေဇာ နှစ်ယောက်ပဲ ပါတာပင်။

သူတို့ လှူမယ့်နေရာသည် ပြင်ဦးလွင်က
ကုန်းမြင့်လေး တစ်ခုပေါ်မှာဆောက်ထားသော မိဘမဲ့ ကေလးကျောင်း ဖြစ်သောကြောင့်
ကားကိုမြေပြန့်အထိပဲ ရပ်ထားခဲ့ရကာ
ပစ္စည်းတွေကိုတော့ နိုင်သလောက်သယ်လျက်
ကုန်းပေါ် တတ်ကျရသည်။ မြေပြန့်နဲ့ သိပ်မေ၀း
သော်ငြားလည်း ပစ္စည်းတွေနဲ့ တတ်ရသည်မွာ
ပန်းလှတာပင် ...။

ဇွဲဆု ကတော့ သူဌေးသားပီပီ ဘာမွ ပင်ပင်
ပန်းပန်း လုပ်ခဲ့ဖူးသူ မဟုတ်တာကြောင့်
ကားပေါ်မှာ အဲကွန်းလေးဖွင့် အေးဆေး
ထိုင်ကာ သီချင်းလေးနားထောင်ရင်း မြေပြန့်
တွင်ပဲ အေးအေးလူလူ နေခဲ့တာဖြစ်သည်။

မြတ်သူ နဲ့ တေဇာကလည်း ပါးနပ်သည်။။
ဇွဲဆုဟာ နှလုံး ခွဲစိတ်မှု ခံယူထားတာလည်း
မကြာသေးသောမို့ သူ့ကို ဘာမှမလုပ်ခိုင်းပဲ
ငြိမ်ငြိမ်လေးသာ ထိုင်နေခိုင်းတာဖြစ်သည်။

 Dear my love ( Completed )Where stories live. Discover now