Part - 17 ( Unicode)

521 23 2
                                    

" ခွပ် "

အိမ်ပြန်လာလာချင်း အဖေ့လက်သီးချက်က
သူ့ မျက်နှာပေါ်ရောက်လာသည်

" ခွေးကောင် မိဘမျက်နှာ အိုးမဲသုတ်
တဲ့ကောင်ငါတို့မွေးထားတာ သားယောကျ်ား
စစ်စစ်ကွ မင်းလို အခြောက်မဟုတ်ဖူး "

" ကျွန်တော် အခြောက်မဟုတ်ဖူး ဒက်ဒီ "

"ဟရော့ မင်းအခြောက် ဟုတ်မဟုတ်
မင်းဘာသာကြည့်လိုက် "

အဖေက ဖုန်းကို သူ့နားလွှတ်ပစ်လိုက်တာ
ကြောင့် သူကြည့်လိုက်မိတော့ မနေ့က သူ
နေရောင့်လက်ကိုဆွဲပြီး Shopping Center
ထဲပတ်ကာ ရယ်နေကျသော ဓာတ်ပုံတစ်ပုံ

" တောက် . . .ခွေးထက်မိုက်တဲ့ကောင် "

"ကျွန်တော်ဝန်ခံတယ် အဲတာ ကျွန်တော့်
ချစ်သူ ကျွန်တော်က အခြောက်မဟုတ်ဖူး
ယောကျာ်စစ်စစ် တစ်ယောက် ဒါပေမဲ့
ကျွန်တော်နေရောင်လင်းကို ချစ်တယ်
လူလူချင်း ချစ်တာ ဘာတွေများ
အပြစ်ဖြစ်နေလို့လဲ ဒယ်ဒီ "

" ဇွဲဆု . . မင်း . . .မင်း . . ."

" ဖေကြီး ရယ် စိတ်လျော့ပါ "

အဖေ့ရဲ့ ဒေါသသံတွေကို သူဆက်နား
နားမထောင်တော့ပဲ အိမ်ထဲကနေ ပြန်ထွက်
လာခဲ့တယ်

မာမီကတော့ အဖေ့ကိုထိန်းလျက် သူ့ကို
ခေါ်နေပေမဲ့ သူခြေလှမ်းတွေရပ်တန့်မသွားမိ

တစ်နေ့နေ့မှာ ဒီလိုအခြေအနေတွေကို
ရင်ဆိုင်ရမယ်ဆိုတာ သိခဲ့ပေမဲ့ ဒီလောက်
စောမယ် မထင်ခဲ့ သူ့ကိုနောက်ယောင်ခံ
လိုက်တဲ့သူတွေကလည်း အများသားပင်

သူ Rock သီချင်းကို ကျယ်လောင်စွာ
ဖွင့်ရင်း ကားကို အရှိန်မြှင့်ပြီး သူအချစ်ရဆုံး
လူတစ်ယောက်ဆီ မောင်းလာခဲ့တယ်

ဒီလိုအချိန် သူ့ရဲ့ ခိုလှုံရာဟာ နေရောင်
တစ်ယောက်ကလွဲပြီး ဘယ်သူမှ မရှိ

" နေရောင် "

သူ နေရောင့်ကို တွေ့တွေ့ချင်း
တင်းကျပ်စွာပင် ဖက်လိုက်တယ်

" အကို ဘာဖြစ်လာတာလဲ
မျက်နှာ မှာလည်း ဒဏ်ရာတွေနဲ့ "

" အရမ်းချစ်တယ်နေရောင် ငါမင်းနဲ့
အတူနေချင်တယ် ခွင့်ပြုမယ်မဟုတ်လား "

 Dear my love ( Completed )Where stories live. Discover now