Part - 16 ( Zawgyi )

10K 650 7
                                    

Shopping Mall တစ်​ခုထဲမှာ
နေ​ရောင်​နဲ့ ဇွဲဆု အတူတွဲ​လျှောက်​လာသည်

ပူပူ​နွေး​နွေးအတွဲ​လေးမို့ နှစ်​​ယောက်​လုံး
ရှိုးတို့ရှန့်​တန့့် ဖြစ်​လျက်​ တိတ်​ဆိတ်​​နေကာ
တစ်​ခွန်းမှမ​ပြောမိ

" အကို ကျွန်​​တော်​နဲ့ တွဲရတာ ရှက်​​နေတာလား "

နေ​ရောင်​က စ​ပြောလိုက်​သည်
အမှန်​တကယ်​လည်း ဇွဲဆု ရှက်​​နေ​ခြင်းပင်

မိန်းမလှလေး​တွေနဲ့ပဲ တွဲသွားတွဲလာလုပ်​ဖူး​သော
သူက ရွယ်​တူ ​ယောက်ျား​လေးတစ်​​ယောက်​နဲ့
ချစ်​သူ​တွေပါဆိုပြီး လူသိခံရမှာ နဲနဲ​တော့
ကကျိုးက​ကြောင်​ နိုင်​လှတာပင်

" အကို အဆင်​​မ​ပြေဖူးဆိုရင်​ ကျွန်​​တော်
ဒီ​နေရာက ထွက်​သွား​ပေးရမလား "

နေ​ရောင့်​စကားက သူ့အရှိုက်​တည့်​တည့်​ကို
လာမှန်​သည်

"မင်း ဘာ​တွေ​ပြော​နေတာလဲ ​နေ​ရောင်
ငါတို့ အတွဲ​တွေဆိုတာ လူသိခံရမှာ ငါမရှက်ပါဖူး
မင်း ငါ့အနားက​နေ ထွက်​သွားမှာကိုပဲ​ကြောက်​တာ "

သူ ​နေ​ရောင့်​လက်​ကို တင်းကျပ်​စွာပင်
ဆုပ်​ကိုင်​လိုက်​သည်

လူ​တွေက ကွက်​ကြည့်​ကွက်​ကြည့်
ဖြစ်​သွား​သော်​လည်း မတတ်​နိုင်
သူ ​နေ​ရောင့်​ကို အရမ်းချစ်​မိ​နေပြီပဲ

" လာ ရုပ်​ရှင်​ လက်​မှတ်​သွားမယ်​ရ​အောင်​ "

"ဗျာ . .ရုပ်​ရှင်​ကြည့်​မလို့လား "

"First Date မှာ အတွဲ​တွေ ပထမဆုံး
လုပ်​ရမှာက ရုပ်​ရှင်​ကြည့်​ရမယ်​​လေ အဲဒါမှ
မင်းကို ရုပ်ရှင်​ရုံထဲမှာ အ​ခွင့်​အ​ရေးယူလို့ရမှာ
ငါ့ နှုတ်​ခမ်း​တွေ ​အရမ်း​ခြောက်​​နေလို့ "

သူရဲ့အဓိပ္ပါယ်​​တွေနဲ့ ​ပြောလိုက်​တဲ့စကားကို
နေ​ရောင်​က အူ​ကြောင်​​ကြောင်​ဖြစ်​ကာ
ခေါင်းကုတ်​​နေတာ​မို့သူတစ်​ချက်​ပြုံးလိုက်​သည်

ဒီ​ကောင်​​လေး ရည်းစား မထားဖူးဖူးပဲ

❤❤❤

ရုပ်​ရှင်​လက်​မှတ်​၀ယ်​ပြီး​​တော့ ရုံ အတွင်းပိုင်း
ထဲကို ခပ်​​စော​စောပင်​၀င်​လာခဲ့သည်

လက်​ထဲမှာလည်း ​ရေသန့်​ဖူး အ​​အေးဖူး​တွေနဲ့
ပေါက်​​ပေါက်​​တွေ အပြည့်​ပင်

" ဟိုခုံပဲ အကိုတို့ "

လက်​မှတ်​စစ်​တဲ့ ​ကောင်​​လေးက အတွဲခုံကို
ဓါတ်​မီးနဲ့ ထိုးကာ​ ပြုံးစိစိနဲ့​ပြောလိုက်​တာ​ကြောင့်​ 
နေ​ရောင်​က သူ့ကို ပြူး​ကြောင်​ကြည့်​လျက်

" အကို အတွဲခုံ ၀ယ်​လိုက်​တာလား "

" အတွဲ​တွေပဲ​လေ အတွဲခုံ ၀ယ်​ရမှာ​ပေါ့ " 

နေ​ရောင့်​လက်​ကို ဆွဲလျက်​ သူ​ရှေ့က​နေ
ဦး​ဆောင်​ပြီး ​ခေါ်လာခဲ့သည်

ပြီး​တော့ ခုံကျဉ်းကျဉ်းက​လေးမှာ
နှစ်​​ယောက်​ပူးထိုင်​ရင်း သက်​ပြင်း​တွေ
ခဏခဏ ချ​နေမိသည်

မိန်းက​လေး​တွေနဲ့ သွားလျှင်​ အပူအပင်
မရှိလှ​​ပေမဲ့ သူရဲ့​ယောက်ျား​လေးရည်းစား
အသစ်​စက်​စက်​က​လေးနဲ့သွားတဲ့အခါမှာ​တော့
ရင်​​တွေခုန်​ကာ ဘာလုပ်​လို့ ဘာကိုင်​ရမှန်း
ပင်​မသိ

နေ​ရောင်​ခမျာမှာလည်း​ ကျောက်​ရုပ်​ကြီးလို
ထိုင်​​နေကာ နဖူးစမှာ ​ချွေး​လေး​တွေစို့​နေတာကို
သူမျက်​လုံး​ထောင့်​က မကြာခဏပင်​ခိုးကြည့်​ရင်း
မြင်​​နေရသည်

" အကို ​ရေ​သောက်​မလား ခုနက
နှုတ်​ခမ်း​ခြောက်​​နေတယ်​ဆို "

နေ​ရောင်​က ​ရေဖူးကို သူ့ဘက်​လှမ်း​ပေး
လာတာ​ကြောင့်​ သူ ​ရေဖူးကိုဖယ်​လိုက်​ကာ

" အဲတာ အ​ဖြေမဟုတ်​ဖူး "

ဟု ဆိုလိုက်​လျက်​ ​နေ​ရောင်​ရဲ့မျက်​နှာနား 
ဖြေး​ဖြေးချင်းတိုးကပ်​လိုက်​ပြီး နှုတ်​ခမ်းဖူးဖူး
ကလေးကို ဖွဖွ​လေး နမ်းလိုက်​သည်

အ​မှောင်ချထား​သော ရုပ်​ရှင်​ရုံထဲမှာ
ဘယ်​​လောက်​ကြာကြာပင်​ နမ်း​နေမိမှန်းမသိ

နေ​ရောင်​ရဲ့ နှုတ်​ခမ်း​လေးဟာ
အ​မှောင်​ထဲမှာ​တောင်​ ဖူးငုံလျက်
ယောင်​ကိုင်းလို့​နေ​ပေသည်

❤❤❤

 Dear my love ( Completed )Where stories live. Discover now