Part - 1 ( Unicode)

5.7K 279 2
                                    

"မင်း ဆေးရုံကဆင်းပြီး အိမ်မှာပဲ
ငြိမ်ငြိမ်လေးနေသင့်တယ် မထင်ဖူးလား
မင်းရဲ့ အလုပ်မဟုတ်တဲ့ အလုပ်တွေနဲ့
ဘယ်အချိန််ထိ အချိန်ဖြုန်းနေမှာလဲ မင်း
အမေကို စိတ်ပူရအောင် ထပ်လုပ်ဦးမလို့လား"

လှေကားပေါ်က ဆင်းဆင်းချင်းမှာပဲ အဖေ့ရဲ့
ခပ်ဆတ်ဆတ်လေသံကို ကြားလိုက်သည်။

ထုံးစံအတိုင်း သူ အဖေ့ရဲ့မေးခွန်းတွေကို
မဖြေပဲ နှုတ်ဆိတ်ကာထွက်လာခဲ့သည်။

အမေကြောင့်သာ မဟုတ်လျှင်
ဒီနှလုံးအစားထိုး ခွဲစိတ်မှုကို သူလုပ်ဖြစ်မွာ
မဟုတ်ချေ။

အဖေ့ရဲ့ ဒီလိုစကားသံတွေ အမြဲ နားထောင်
နေရတာထက် သေသွားခဲ့လျှင် ပိုကောင်းမည်
ဟုလည်း သူတွေးခဲ့ဖူးသည်။

" တီ . . . တီ . . . .တီ "

သူ့ရဲ့ စီနီယာနံပါတ် ဘယ်လောက်မှန်း
မသိသော မိန်းကလေး ဆီက ဖုန်း၀င်
လာခဲ့သည် ။ နာရီကို ကြည့်တော့
ချိန်းထားတဲ့ အချိန်ထက် မိနစ်သုံးဆယ်
လောက်ပင် နောက်ကျနေပြီ ။

" အင်း . . .ကိုယ်လာနေပြီ "

သူ တစ်ခွန်းပြောလိုက်တာနဲ့တင်
ကောင်မလေး ဘက်က ငြိမ်ကျသွားသည်။

ဘယ်တော့မှ မိန်းကလေးတွေကို
သူ့ဘက်က အရေးတယူ ချော့လေ့မရှိ
သောကြောင့် သူ့လိုလူတစ်ယောက်စီမှာ
ကြွေကျနေတဲ့ မိန်းကလေး အဖို့တော့
ကံဆိုးတာပဲ ဖြစ်သည်။

ထို့နောက် သူ ကားကို ခပ်သွက်သွက်ာ
မောင်းထွက်လာခဲ့သည်။

လမ်းမှာ ပန်းတစ်စီး ၀ယ်ကာ
ထိုမိန်းကလေးကို ပေးလိုက်လျှင်တော့
သူဘယ်လောက်ပဲ နောက်ကျ
နောက်ကျ ပြေလည်သွားမည် ဖြစ်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~

" ကျွီး "

ကားကို ခပ်ကြမ်းကြမ်း မောင်းလာပြီးမှ
သူ ထိုးရပ်လိုက်သည်။

သူ ဆေးရုံတတ်နေတဲ့ တစ်လလုံး
ကျောင်းနဲ့ အဆက်ပြတ်နေခဲ့တာ
ဖြစ်သော်လည်း မြင်ကွင်းတွေကတော့
ဘာမှ ပြောင်းလဲမှုမရှိပေ။

ကောင်းကင်သည် အရင်လို ပြာလွင်နေပြီး
သစ်ပင်များသည် စိမ်းလန်းဆဲဖြစ်သည်။

"နောက်အပတ်မွာ ကျင်းပမယ့် ကျောင်းရဲ့
ဈေးပွဲတော် အတွက်ပါ ပါဝင်ချင်တဲ့သူတွေ
ဆက်သွယ်နိုင်ပါတယ်နော် "

ကျောင်းကော်ရစ်တာ နားမှာ စုရုံး စုရုံး
ဖြစ်နေသော နေရာကို ကားပေါ်ကနေ
မဆင်းသေးပဲ သူကြည့်လိုက်မိသည်။

လက်ကမ်းစာစောင် ဝေနေသော
ကျောင်းသားကျောင်းသူ အုပ်စုနဲ့
ဖြတ်သွားဖြတ်လာကျောင်းသား
တစ်ချိူ့ကလွဲလို့ဘာမှမရှိ။

ထိုနေရာကို ကြည့်နေဆဲမှာပင်
သူ့နှလုံးသားက ဒုတ်ခနဲ မြည်လာသည်။
ရုတ်တရက် ထမြည်လာသော
ကျယ်လောင်တဲ့ နှလုံးခုန်သံကြောင့်
သူ ကိုယ်တိုင်ပင် အံ့သြသွားရသည်။

တစ်ခါမှမကြုံဖူးသော တစ်ယောက်
ယောက်ကို လွမ်းဆွတ်နေသလို
အေးတိအေးစက် ခံစားချက်ကြီးကို
ခံစားလိုက်ရသည်။

မိန်းကလေး တစ်ယောက်ကိုများ
မြင်လိုက်မိလို့လား ?

မဖြစ်နိုင်ပါ ......

ဒီနား၀န်းကျင်မှာ သူ့ကို ခြွေချနိုင်သော
မိန်းကလေးနဲ့တူတာဆိုလို့ ဘာမှမရှိ။

လက်ကမ်းစာစောင် ဝေနေတဲ့ထဲမှာ
တော့ မိန်းကလေးတစ်ယောက်
နှစ်ယောက်ပါသည်။ တချိူ့က မဲမဲပိန်ပိန်
တချိူ့က ၀၀ပုပု နဲ့ သူရင်ခုန်ရသော
ပုံစံတွေတော့ တစ်ယောက်မှမပါတာပင်

သူစိတ်ရှုပ်စွာပင် ကားပေါ်ကဆင်းပြီး
လျှောက်လာခဲ့သည် လက်ကမ်းစာစောင်
ဝေနေတဲ့ နေရာကိုရောက်တော့
သူ့ကို ထိုအုပ်စုထဲမှ ကောင်လေးက
စာရွက်ေ၀လိုက်တာကြောင့် သူကြော်ငြာ
စာရွက်လေးကို ဖြတ်ခနဲ ဆွဲယူလိုက်သည်။

ယောကျ်ားလေးတန်မဲ့ လှလွန်းတဲ့
သွယ်သွယ်ရှည်ရှည် လက်ချောင်းတွေ
ကြောင့် သူ မရည်ရွယ်ပဲ တစ်ချက်
မော့ကြည့်လိုက်သည်။

သူ့ကို ပြုံးပြနေသော ကောင်လေးကြောင့်
အူကြောင်ကြောင် ဖြစ်သြားရကာ ထိုနေရာမှ
ခပ်သွက်သွက် ထွက်ခဲ့လိုက်သည်။

အမျိူးအမည် မဖော်ပြတတ်သော
ခံစားချက်ကြီးကတော့ ရင်ထဲမှာ
ကျန်နေတုန်းပဲ ဖြစ်သည်

 Dear my love ( Completed )Where stories live. Discover now