Part - 17 ( Zawgyi)

10K 634 0
                                    

" ခွပ်​ "

အိမ်​ပြန်​လာလာချင်း အ​ဖေ့လက်​သီးချက်​က
သူ့ မျက်​နှာ​ပေါ်​ရောက်​လာသည်

" ​ခွေး​ကောင်​ မိဘမျက်​နှာ အိုးမဲသုတ်
တဲ့​ကောင်​ငါတို့​မွေးထားတာ ​သား​ယောက်ျား
စစ်​စစ်​ကွ မင်းလို ​အ​ခြောက်​မဟုတ်​ဖူး "

" ကျွန်​​တော်​ အ​ခြောက်​မဟုတ်​ဖူး ဒက်​ဒီ "

"ဟ​ရော့ မင်းအ​ခြောက်​​ ဟုတ်​မဟုတ်
မင်းဘာသာကြည့်​လိုက်​ "

အ​ဖေက ဖုန်းကို သူ့နားလွှတ်​ပစ်​လိုက်​တာ
ကြောင့်​ သူကြည့်​လိုက်​မိ​တော့ မ​နေ့က သူ
နေ​ရောင့်​လက်​ကိုဆွဲပြီး Shopping Center
ထဲပတ်​ကာ ရယ်​​နေကျ​သော ဓာတ်​ပုံတစ်​ပုံ

" ​တောက်​ . . .​ခွေးထက်​မိုက်​တဲ့​ကောင်​ "

"ကျွန်​တော်​၀န်​ခံတယ်​ အဲတာ ကျွန်​​တော့်
ချစ်​သူ ကျွန်​​တော်​က အ​ခြောက်​မဟုတ်​ဖူး 
ယောကျာ်​စစ်​စစ်​ တစ်​​ယောက်​ ဒါ​ပေမဲ့
ကျွန်​​တော်ေ​န​ရောင်​လင်းကို ချစ်​တယ်
လူလူချင်း ချစ်​တာ ဘာ​တွေများ
အပြစ်​ဖြစ်​​နေလို့လဲ ဒယ်​ဒီ "

" ဇွဲဆု . . မင်း . . .မင်း . . ."

" ​ဖေကြီး ရယ်​ စိတ်​​လျော့ပါ "

အ​ဖေ့ရဲ့ ​ဒေါသသံ​တွေကို သူဆက
်​နားမ​ထောင်​​တော့ပဲ အိမ်​ထဲက​နေ ပြန်​ထွက်
လာခဲ့တယ်

မာမီက​တော့ အ​ဖေ့ကိုထိန်းလျက်​ ​သူ့ကို 
ခေါ်​နေ​ပေမဲ့ သူ​ခြေလှမ်း​တွေရပ်​တန့်​မသွားမိ

တစ်​​နေ့​နေ့မှာ ဒီလိုအ​ခြေအ​နေ​တွေကို
ရင်​ဆိုင်​ရမယ်​ဆိုတာ သိခဲ့​ပေမဲ့ ဒီ​လောက်
စောမယ်​ မထင်​ခဲ့ သူ့ကို​နောက်​​ယောင်​ခံ
လိုက်​တဲ့သူ​တွေကလည်း အများသားပင်

သူ Rock သီချင်းကို ကျယ်​​လောင်​စွာ
ဖွင့်​ရင်း ကားကို အရှိန်​မြှင့်​ပြီး သူအချစ်​ရဆုံး
လူတစ်​​ယောက်​ဆီ ​မောင်းလာခဲ့တယ်

ဒီလိုအချိန်​ သူ့ရဲ့ ခိုလှုံရာဟာ ​နေ​ရောင်
တစ်​​ယောက်​ကလွဲပြီး ဘယ်​သူမှ မရှိ

 Dear my love ( Completed )Where stories live. Discover now