Burmese Translation of "Doomed to be Cannon Fodder".
(၄၉) မသိခဲ့ရပါ၊ တောင်းပန်ပါသည်၊ (No_Coz)
Warning: Mature Contents 🤐
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပိုင်ရှန်းရှို့က သူ့ထက်တောင် စိတ်လှုပ်ရှားနေသေးတယ်။ သူမ လက်ဖဝါးတွေမှာတောင် ချွေးတွေ ပြန်ပြီး အသက်ရှူ ပါ မြန်နေတာ။ သူမ မျက်နှာကလည်း ပူလာတာမှ မျက်နှာပေါ်မှာ ရေနွေးအိုးတောင် တည်ထားလို့ရတယ်။ သို့ပေမယ့် ရှောင်ပုန်းလို့က မရတာကြောင့် သူမ တတ်နိုင်တာဆိုလို့ မျက်လုံးကို တင်းတင်းမှိတ်ထားဖို့ပဲ ရှိတော့တယ်။ သူ ဘာပဲ လုပ်လုပ်၊ သူမသာ မျက်စိဖွင့်မထားရင် သိပ်ကြောက်စရာမဟုတ်လောက်တော့ဘူးလို့ သူမ မျှော်လင့်ထားတဟ်လေ။
သူမ မျက်နှာပေါ်တစ်ခုခု စီးကျလာသလို ခံစားလိုက်ရတယ်။ ရေစက်ကျလာတာလား။ သူမ အများကြီး သိပ်တွေးမနေဘဲ လက်နဲ့ သုတ်လိုက်တယ်။ သုတ်လိုက်တော့မှ အဲ့အရည်တွေက ပူနွေးနေတာ သတိထားမိတော့တယ်လေ။ ဇာတ်လိုက်မင်းသား ငိုနေတာတော့ မဟုတ်လောက်ပါဘူးနော်. . .? ဒီလိုအချိန်မျိုးမှာ ဘယ်လို ယောက်ျားက ငိုမှာလဲ။ သူ့ချွေးတွေပဲနေမှာပါ။ 'နေဦးဟ— ကြည့်ရတာ စိတ်လှုပ်ရှား ကတုန်ကရင်ဖြစ်နေတာ ငါ တစ်ယောက်တည်း မဟုတ်ပုံပဲ...!' ဒီလိုတွေးမိတော့ သူမ နည်းနည်း ပိုပြီး စိတ်အေးသက်သာသွားမိသလိုပဲ။ ဝတ္ထုထဲမှာ ဇာတ်လိုက်မင်းသားနဲ့ မိန်းကလေးလင်တို့ ချစ်တင်းနှောတဲ့ အခန်းကို သူမ သွားသတိမရလိုက်ခင်အထိပေါ့။ သူမ သတိရမိလိုက်တော့ သူမ ဒီညမှာတော့ ဇာတ်နာရတော့မှာပဲလို့ လက်ခံရပြန်တော့တယ်။
အမှန်တိုင်း ပြောရရင်၊ မော်ဒန်ခေတ်သစ်က အသက် ၂၀ ဝန်းကျင် ကောင်လေးတွေက မိန်းကလေးလက်ကိုတောင် မကိုင်ဖူးတာ သိပ်အဆန်းကြီးမဟုတ်လှဘူး။ ကောလိပ်သာ ရောက်နေတာ အရင်က ရည်းစားတစ်ခါမှ မထားဖူးတဲ့ FA ကောင်တွေလည်း ဖြစ်နိုင်တာပဲ။
ဒါပေမယ့် ရှေးခေတ်က ယောက်ျားလေးတွေကတော့ စောစောစီးစီး ရင့်ကျက်ကြရပြီး အိမ်ထောင်လည်း စောစောကျကြတယ်။ လုံဟန့်တို့အရွယ်လောက်ဆို တော်တော် "အို"ပြီ ပြောလို့ရတယ်။ ဒါပေမယ့် သူက လူပျိုပေါက်ကလေးလို ပြုမူနေတယ်လေ။ ဝတ္ထုထဲမှာ ရေးထားသမျှ အတိုင်း အကုန်မှန်နေသလိုပဲ။ သူ တကယ်ကို မိန်းမနဲ့ ယောက်ျားကြားက ဆက်ဆံရေးတွေကို သိပ်မသိဘူးပဲ။ မဟုတ်ဘူး၊ မသိတာထက်ကို ဆိုးတယ် — အခြေခံ နည်းနည်းလေးတောင် အတွေ့အကြုံမရှိတာ။
YOU ARE READING
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Historical Fictionဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...