(၂၅) ထွက်ပြေး၊ ခိုးပြေးမှု [chaos_error, No_Coz]
လေစိမ်းတွေက အပူချိန်ကို လျော့သထက် လျော့ကျလာစေလျက် ရှိပေမယ့်.. မင်းသားလီကတော့ ထိုနေရာမှာပဲ နားထောင်ရင်း မလှုပ်မယှက်ရှိနေတုန်း..။ စုန့်ကျောင်းယွဲ့မှာ စိတ်ထဲတွင် အောင့်သက်သက်ဖြင့် သူနဲ့အတူ အဖော်ပြုပေးရလျက်..။ ပညာပါရမီဉာဏ်ပြည့်ဝကြတဲ့ အမျိုးသမီးနှစ်ယောက်က ဘာတွေပြောကြမှာလဲ။ ဒါပေမယ့် တကယ်တမ်း နားထောင်ကြည့်တော့ ပြောနေတဲ့ အကြောင်းအရာက နည်းနည်းထူးဆန်းနေသလိုပဲ။
ခန်းမထဲမှာတော့ မိန်းမငယ်နှစ်ယောက်အတူရှိနေကြတယ်။ တစ်ယောက်က ဇာတ်လိုက်မင်းသမီးအရှိန်အဝါနဲ့၊ နောက်တစ်ယောက်က ဝိဉာဏ်ကူးပြောင်းရောက်လာတဲ့ အရံဇာတ်ကောင်။ တကယ်တော့ နှစ်ယောက်သား သင့်သင့်မြတ်မြတ် ငြိမ်းငြိမ်းချမ်းချမ်း အတူရှိတယ်ဆိုတာမျိုးကို မဖြစ်သင့်တာ။ အခုကျတော့ စကားတွေတောင် ဖောင်ဖွဲ့သီနေလိုက်ကြသေး။ သူတို့ပြောတဲ့ အဓိကအကြောင်းအရာက ဇာတ်လိုက်မင်းသမီးဘက်က ဒီလက်ထပ်ထိမ်းမြားတဲ့ ကိစ္စကို မနှစ်မြို့ အလိုမတူတဲ့ အကြောင်း။ ပြီးတော့ မင်းသားလီကို ကြောက်ရတဲ့ ကိစ္စတွေပါပေါ့။
ပိုင်ရှန်းရှို့ရဲ့မျက်လုံးများက မယုံကြည်နိုင်မှုနဲ့အတူ ပြူးကျယ်သွားခဲ့တယ်..။ သူမကြားခဲ့တဲ့ ဇာတ်လိုက်မင်းသားရဲ့ကိုယ်ကျင့်တရားအကြောင်း လူတွေပြောနေကြတဲ့ ကောလာဟလတွေအပေါ်ကို ဒီအမျိုးသမီးဇာတ်လိုက်က အလွယ်တကူနဲ့ အရမ်းယုံလွယ်နေတာ မဟုတ်ဘူးလား? ၀တ္ထုကို ဖတ်ပြီးသားသူအယောက်အနေနဲ့.. ဒါက အဲဒီ့လိုဖြစ်ဖို့ ကံစီမံထားတယ်ဆိုင်ပင်မယ့်လည်း ပိုင်ရှန်းရှို့က သူ့မကို အကြင်နာတရားရှေ့ထားပြီး ရှင်းပြပေးနေခဲ့တာကို..။
"တကယ်တော့.. မိန်းကလေးလင် အထင်လွဲနေတာပါ..။ မင်းသားက အလွန်အမင်း စိတ်ထားကောင်းမွန်ပြီး တော်ဝင်တဲ့သူတစ်ယောက်ပါ။ သူက ဘယ်လိုလုပ် အမျိုးသမီးတွေကို အဲလိုမျိုးလုပ်မှာလဲ?" စစ်တွေ ဘာတွေဆိုတာ လူတိုင်းထင်ထားသလို ရိုးရှင်းလွန်းလှတာမှ မဟုတ်တာ..။
YOU ARE READING
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Historical Fictionဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...