(၃၀) တိုက်ဆိုင်မှု၊ ကိုယ့်ကိုကိုယ် မှန်သည်ဟုတထစ်ချယုံကြည်မှု (Jas_astra)
____
စုန့်ကျောင်းယွဲ့ကထူးဆန်းတဲ့သူပဲ အပြစ်ကင်းတဲ့ကြာဖြူလေးတွေကိုသဘောကျတယ် ဒါပေမဲ့ အမြဲအနိုင်ကျင့်ခံတဲ့သူတွေကိုမကြိုက်ပြန်ဘူး သူမ ဘယ်လိုလုပ်သူသဘောကျတဲ့ဒီပုံမျိုးဘယ်လိုလုပ်ရမလဲ
အဖွဲ့နောက်လိုက်ပြီးခပ်လျှိုလျှိုနေရင်း ဒီလိုပုံဖြစ်အောင်ဘယ်လိုလုပ်ရမလဲတွေးနေမိတယ် သူမ လူစုနောက်လိုက်ရင်း ခပ်လျှိုလျှိုနေပြီး တွေးတောနေမိတယ် သူမရင်ဘတ်ကသိပ်တော့မနာတော့ဘူး လမ်းလျှောက်ရင်းတဖြည်းဖြည်းအနွေးဓာတ်ရသွားတာဖြစ်မယ်
သူမ လမ်းတစ်လျှောက်စကားများများစားစားမပြောဘူး စုန့်မိသားစုရဲ့သခင်မကြီးနဲ့သခင်မ သခင်မလေးတွေအကုန်လုံးကသူ့ကိုနှိမ့်ချတဲ့အကြည့်နဲ့မကြည့်ပေမဲ့သူမနဲ့ရင်းနှီးလိုတဲ့အငွေ့အသက်လည်းမရှိဘူး။
ဒီနေရာကိုရောက်လာတော့မှပဲ ကိုယ်လုပ်တော်တွေဟာဘာအာဏာမှမရှိဘူးဆိုတာနားလည်လိုက်ရတယ် ဝတ္ထုထဲမှာလို အရိုက်ခံရ အသတ်ခံရ တာတွေနဲ့တော့အတော်ကွာခြားပေမဲ့ သူတို့ရဲ့တကယ့်အဆင့်အတန်းကသိပ်တော့လည်းမထူးခြားဘူး
ပိုင်ရှန်းရှို့ကတိတ်တိတ်လေးပဲရှုခင်းကြည့်နေတော့တယ် စုန့်မိသားစုကမိန်းကလေးတွေ ကဗျာအလွတ်ရွတ်တာတို့ သီချင်းတွေဆိုတာတွေကိုပဲ နားထောင်နေလိုက်တော့တယိ
သူတို့ရဲ့အရှေ့နားမှာကျ ဗုဒ္ဓခြေတော်ဥယျာဉ်ရှိတယ် ဟိုးအရင်ကာလတုန်းက ကောလဟာလအရတော့ ဗုဒ္ဓဘုရားကနေချန်ခဲ့တဲ့ခြေတော်ရာကိုပတ်ပတ်လည်ပြီးတည်ဆောက်ထားတယ်လို့ပြောကြတယ် ဒါကလည်းသူမဘေးနားထိုင်နေရင်းကြားလာခဲ့တဲ့အရာပဲ
ဇာတ်လမ်းကစိတ်ဝင်စားဖို့ကောင်းတယ်ထင်လို့သူမလည်းအားတက်သရောနားထောင်နေမိတယ်
ယောက်ျားလေးတွေဖြစ်တဲ့အတွက် လုံဟန့်နဲ့စုန့်ကျောင်းယွဲ့ကတော့သူတို့စကားဝိုင်းထဲဝင်မပါဘူး သင့်လျော်တဲ့အကွာအဝေးလောက်မှာနှစ်ယောက်သားလမ်းလျှောက်ပြီးစကားလက်ဆုံပြောနေကြတယ် လုံဟန့်မသိစိတ်ကနေအလိုလိုခေါင်းနောက်ပြန်လှည့်ပြီး အဲအမျိုးသမီးကိုကြည့်လိုက်တယ် ပုံပြင်ပြောပြနေတာကိုတိတ်တဆိတ်နားထောင်ရင်းခေါင်းလေးကိုစောင်းထားတာက သူ့မျက်လုံးထဲမှာတကယ်ချစ်ဖို့ကောင်းတယ်
आप पढ़ रहे हैं
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
ऐतिहासिक साहित्यဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...