Translator: Hninhtetwai0001 Jinnie_Grace
လုံဟန့်ကတော့ဒေါသထွက်ပြီးထွက်လာခဲ့လိုက်တယ်။ သူ့အမျိုးသမီးက အမှန်တကယ်ကိုတခြားတစ်ယောက်အတွက် ကိစ္စကြီးတစ်ခုကို ဖုံးကွယ်ပေးနေတယ်တဲ့လေ။ စစ်တပ်ထဲမှာ နှစ်တွေအကြာကြီးနေလာခဲ့တော့ သူ့အတွက်အမှားနဲ့အမှန်၊ ရန်သူနဲ့မဟာမိတ်ကိုကောင်းကောင်းခွဲခြားနိုင်တယ်။ ကောင်းမွန်တဲ့လုပ်ရပ်တွေရဲ့တန်ဖိုးကို သူ ကောင်းကောင်းသိတယ်။ မဟာမိတ်တွေက လိမ်မပြောသလို တစ်ယောက်ကိုတစ်ယောက်ဖုံးကွယ်ထားတာမျိုးလည်း မရှိဘူး။ အဲ့ဒါဟာ အခြေခံအားဖြင့် သူ ဘာလို့ဒီလောက်ထိဆိုးဆိုးဝါးဝါးတုံ့ပြန်သွားရသလဲဆိုတဲ့ အကြောင်းရင်းပဲ။
ဒါပေမယ့် သူ့အမေကိုမြင်တော့သူစိတ်ငြိမ်သွားတယ်
မောင်းမဆောင်ဟာစစ်တပ်နဲ့ခြားနားသလို သူမကလည်းသူ့ရဲ့စစ်သားမဟုတ်ဘူး ပြီးတော့ အကျိုးသင့်အကြောင်းသင့်ပြောရရင်သူ့အပေါ်အရမ်းယုံကြည်တဲ့သူတစ်ယောက်အနေနဲ့ သူ့ကိုဖုံးကွယ်ထားမှာမဟုတ်ဘူး မဟုတ်လျှင်....သူသံသယတွေနဲ့ရပ်နေမိတုန်း စုန့်ကျောင်းယွဲ့လူတချို့နဲ့ရယ်မောရင်းလျှောက်လာတယ် "လောင်ဖူးရန်နဲ့ အမေတို့ မနက်ဖြန်ပြန်ဖို့စီစဉ်နေတာ ငါတို့တွေ့ခဲ့တယ်... မင်းရော ဘယ်လိုလဲ..."
"ငါတို့လည်းအတူတူပဲ... ဒီနေ့အရမ်းလူရှုပ်တယ်... မနက်ဖြန်ကျရင် အတူတူပြန်ရအောင်..." လုံဟန့်ပြန်ဖြေတယ်။ ဒါပေမယ့် သူမျက်မှောင်ကြုံ့မထားဘူး။
သူ့စိတ်ထဲမှာ တစ်ခုခုဖြစ်နေတယ်ဆိုတာကို စုန့်ကျောင်းယွဲ့က သိတာပေါ့။ 'သူ'သတိထားပြီးတော့စူးစမ်းကြည့်လိုက်တယ်။ "မင်းရဲ့အဲဒီ့ကိုယ်လုပ်တော်... အရမ်းဆိုးဆိုးဝါးဝါး ဒဏ်ရာရထားလို့လား..." သူ့ဘေးက လူတွေကိုထွက်သွားခိုင်းရင်းနဲ့ သူပြောတယ်။
လုံဟန့်ရဲ့လူတွေတောင်မှ နောက်ဆုတ်ကုန်ကြတယ်။ ရုတ်တရက်ကြီး လုပ်စရာအလုပ်တွေ သီးသန့်ပြောစရာ စကားတွေပေါ်လာပြီးတော့....."သူမ.....အဆင်ပြေပါတယ်" သူတို့က သူငယ်ချင်းတွေဖြစ်တဲ့အတွက် လုံဟန့်လည်း အများကြီးစဉ်းစားမနေပဲ အမှန်အတိုင်းပြောလိုက်တယ်။
![](https://img.wattpad.com/cover/152759763-288-k385911.jpg)
VOCÊ ESTÁ LENDO
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Ficção Históricaဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...