(၁၈၈) အဆိပ်မိ၊ သွေးကြောထဲက စွမ်းအင်များ

4K 571 17
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator  - ဂွေ့

(၁၈၈) အဆိပ်မိ၊ သွေးကြောထဲက စွမ်းအင်များ

ပိုင်ရှန်းရှို့ကတော့ စိတ်အရမ်းညစ်နေပြီ။ စုန့်ကျောင်းယွဲ့က အခုထိ ဘာလို့လက်မလျော့ရတာလဲ? ဒီလောက် အသည်းမုန့်တွေအများကြီးရပြီးတာတောင် နောက်ထပ်အသည်းမုန့်တွေနေ့တိုင်းနီးပါးပို့နေတုန်းပဲ။  ကံကောင်းလို့ လုံဟန့်က အသည်းမုန့်ရဲ့အဓိပ္ပါယ်ကိုမသိတာ။ ပိုင်ရှန်းရှို့ကလည်းသူ့ကို ယွဲ့ဆဲ့ကသူ့သခင်စုန့်ကျောင်းယွဲ့အတွက် ဟင်းချက်တဲ့လက်ရာပိုကောင်းအောင်ကြိုးစားချင်လို့ သူမဆီမုန့်တွေမြည်းခိုင်းပြီး အကြံတောင်းတာလို့ပြောထားရတယ်။လုံဟန့်ကလည်း နဂိုကတည်းက စုန့်ကျောင်းယွဲ့နား မိန်းမတစ်ယောက်ရှိစေချင်တဲ့သူဆိုတော့ ဘာမှမပြောလေဘူး။

သူမတကယ်ကိုအသည်းမုန့်တွေအများကြီးရထားတာ။ ဒါပေမယ့် ကိုယ်၀န်ကြောင့်အသည်းမုန့်ကိုမတို့မိဘူးရယယ်။ ဒါပေမယ့် ဒီနေ့တော့ဘာကြောင့်ရယ်မသိ နေလို့ကောင်းနေတော့ စားချင်သောက်ချင်စိတ်လေးဖြစ်နေမိတယ်။ ဆိုတော့ကား အသည်းမုန့်တစ်ခုကိုယူပြီး နည်းနည်းစားလိုက်တာပေါ့။ အရသာက ထူးဆန်းလိုက်တာ။ အထဲမှာဘာတွေထည့်ထားတာလဲမသိဘူး။ အမှန်အတိုင်းပြောရရင် ယွိ့ဆဲ့က မုန့်လုပ်ဖို့အရမ်းကြိုးစားထားတာ။ မုန့်တစ်ခါလာပို့တိုင်းတစ်မျိုးထူးခြားနေရော။ လုံဟန့်ကလည်း ဟင်းချက်နည်းဖလှယ်တာနေမှာပါလေဆိုပြီး လွှတ်ထားလိုက်တာ။

ပိုင်ရှန်းရှို့က ချေးလေးခပ်များများဆိုတော့
မုန့်ပန်းကန်ကိုဘေးကိုဖယ်လိုက်ပြီး ရှောင်ရှီကိုလှမ်းပြောလိုက်တယ်။
"သူတို့ကို တုန့်ပြန်လက်ဆောင်အနေနဲ့ ပုံမှန့်မုန့်ပွဲပို့ပေးလိုက်။"

ပုံမှန်အတိုင်းပဲ သူမပြန်ပို့တဲ့မုန့်မှာ အသည်းမပါဘူး။ အဲ့စုန့်ကျောင်းယွဲ့က ခေါင်းထိထားတာလား ဘာလားပဲ။ ဘာလို့ရုတ်တရက်ကြီး အရမ်းခေါင်းမာသွားရတာလဲ? သူက အမြဲလိုက်လျောညီထွေရှိတဲ့သူမျိုးပါ။ သူပြောင်းလဲသွားတာ ငါ့ကြောင့်များလား။ အဲ့လိုတွေးလိုက်မိလို့လား တခြားကြောင့်လားမသိ သူမနည်းနည်းစိတ်မကြည်သလိုဖြစ်တာတယ်။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]حيث تعيش القصص. اكتشف الآن