Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder#TableOfContents(၃၅) ကျင်းဟူများ၏ လက်စားချေသတ်ဖြတ်ခြင်း (Jinnie_Grace)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~မြို့တော်ကိုပြန်တဲ့လမ်းမှာ မင်းသားလီရဲ့အိမ်တော်နဲ့ စုန့်မိသားစုတို့ရဲ့ ချန်လှပ်ခြင်းကိုခံခဲ့ရတဲ့အခါ သခင်မလင် တကယ်ကိုပဲ ကြောက်ရွံ့နေမိတယ်။ အခုလက်ရှိမှာတော့ ခရိုင်ရုံးတော်မှာနေရင်း ဆေးကိုတစ်ခွက်ပြီးတစ်ခွက်သောက်ကာ သူမကိုယ်သူမ စိတ်တည်ငြိမ်အောင်ကြိုးစားနေရတယ်။ မင်းသားလီ အိမ်တော်က သူမတို့ကို ကူညီပေးဖို့ မလာနိုင်ဘူးဆိုတာကို သူမကြားသိရတဲ့အခါမှာ လက်ထဲမှာကိုင်ထားတဲ့ဆေးရည်ခွက်တောင် မြေပြင်ပေါ်ကိုပြုတ်ကျပြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရတော့တာပဲ။ သူမဒေါသတကြီးပဲ ဟစ်အော်မိလိုက်တယ်။ "သူ့မှာ စစ်တပ်တစ်တပ်လုံးကိုတောင် ထိန်းချုပ်နိုင်တဲ့အင်အားရှိတာ
ဘာလို့ ဒီတောပုန်းဓားပြတွေကို ကြောက်နေရမှာလဲ...!"အဲ့ဒီသတင်းကို ယူလာတဲ့ အစေခံအမျိုးသမီးကြီးက ပြန်ပြောလိုက်တယ်။ "သူတို့ပြောပုံအရတော့ မင်းသားလီက ရဲမက် ၁၀ ယောက်ကျော်ကိုပဲခေါ်လာခဲ့လို့ပါတဲ့... ပြီးတော့ လောင်ဖူးရန်တို့ကိုလည်း အပြန်ခရီးမှာ ကာကွယ်ဖို့ရှိသေးတာမို့ ကျွန်မတို့ကို အကူအညီမပေးနိုင်တာလို့ ပြောပါတယ် သခင်မ"
"ဒါ သူ တမင်လုပ်တာမလား... သူ့ရဲ့ဇနီးလောင်းဖြစ်လာမယ့်သူနဲ့ ပတ်သတ်နေတဲ့ကိစ္စကိုတောင် မကူညီပဲ အလေးမထားတဲ့ပုံစံလုပ်တာ..." သခင်မ လင်ကတော့ အလွန်အမင်းကို ဒေါသထွက်နေတော့တယ်။
လောင်ဖူးရန် ဘယ်လိုလူမ်ျိုးလဲဆိုတာ သူမကောင်းကောင်းသိတယ်။ သူမသားသာ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် လင်မိသားစုကို သေချာပေါက်ငြိမ်းငြိမ်းချမ်းချမ်းနေခွင့်ပေးမှာမဟုတ်ဘူး။"သခင်မ... စိတ်ကိုလျှော့ပါ... ဒီစကားတွေက...." ဒီသခင်မက တကယ်ကိုစိတ်မရှည်ဘူး။ အကယ်၍ ဒီစကားတွေသာ မင်းသားလီနားထဲကို ပြန်ရောက်သွားမယ်ဆိုရင် မင်္ဂလာကိစ္စဟာ ဖုန်မှုန့်လေးတွေလိုပျောက်ကွယ်သွားနိုင်တယ်။ သူတို့ မမလေးဆိုတာကလည်း လူတွေကို တစ်ရက်လေးတောင်အေးအေးဆေးဆေးနေခွင့်ပေးတာ မဟုတ်ဘူး။ အကယ်၍ ဒီအကြောင်းတွေသာ ပေါက်ကြားသွားရင် သူမရဲ့ဂုဏ်သတင်းက ရစရာမရှိအောင်မြောင်းထဲရောက်သွားနိုင်တယ်။ ဘယ်မိသားစုကမှလည်း သူမကို ချွေးမအဖြစ် လိုချင်တော့မှာမဟုတ်ဘူး။
ČTEŠ
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Historická literaturaဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...