(၃၁) ကိုယ်လုပ်တော်ကို မြှောက်စား၍ ပဏာမဇနီးကို ပစ်ပယ် (No_Coz)
~~~~~~~~~~~~~~~~
ပိုင်ရှန်းရှို့ကတော့ ယာယီ နားမကြားဟန်ဆောင်နေလိုက်တယ်။ တကယ်တော့လည်း သူမ နာမည်ကို တိုက်ရိုက်ကြီး ထည့်ပြောနေတာမှ မဟုတ်ဘဲလေ။ ဒါပေမယ့် သူမရဲ့ နာမည်ကို ထုတ်ဖော်မပြောဘူးဆိုပေမယ့်လည်း သခင်မလင်က သူမဆီကို လှမ်းလှမ်းကြည့်နေတာ၊ တမင်တကာ လုပ်ပြတာလား၊ မရည်ရွယ်ဘဲ ကြည့်မိတာလားတော့ မသိဘူး။ အဲ့သလို ကြည့်ကြည့်နေတော့ မြူ ဆွယ်ဖြားယောင်းတတ်တဲ့ ကိုယ်လုပ်တော် မောင်းမငယ်တွေကို မျက်မုန်းကျိုးတတ်ကြတဲ့ ဖူးရန်တွေ၊ မမလေးတွေအကုန် သူမကို လိုက်ကြည့်ကုန်တော့တယ်။
သူမကို အခုလိုမျိုး ဝိုင်းအာရုံစိုက်နေကြတော့ သူမ အနေရကြပ်လာတယ်။ သူမသာ မသိနားမလည်ချင်ဟန်ဆောင်ပြီး သူတို့ကို လျစ်လျူ ရှုနေရင် သူမကို ငတုံးမကြီးလို့ အားလုံးက ထင်ကုန်ကြတော့မှာပဲ။ သူမ လူသူအာရုံစိုက်မခံလိုဘဲ ချောင်ကလေးမှာ ကုပ်နေချင်ပေမယ့်လည်း သူမ စိတ်ထဲ ဒေါသအပူတွေ အုံကြွလာတာ ခံစားမိတယ်။
သူမ လင်ဖူးရန်ကို ပြန်တုန့်ပြန်ဖို့ နည်းလမ်းတွေ စဉ်းစားလိုက်မိတော့တယ်။ ထိပ်တိုက်တွေ့ဖို့ကိုတော့ သူမ မစဉ်းစားတော့ဘူး။ အဲ့သလိုသာ လုပ်ရင် မင်းသားလီအိမ်တော်ကို လူရယ်စရာဖြစ်သွားစေမယ့်အပြင် အရံဇာတ်ကောင်ကလည်း သူမကို မုန်းသွားလိမ့်မယ်။ အဲ့သလိုတွေသာ ဖြစ်ကုန်ရင် သူမရဲ့ တစ်ခုတည်းသော လွတ်မြောက်ရာ လမ်းကြောင်းကလေး လေတိုက်လို့ လွင့်ပြယ်သွားတဲ့ မီးခိုးငွေ့လို ဖြစ်သွားမှာပဲ။ နောက်ပြီး ဇာတ်လိုက်မင်းသားရဲ့ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားရင်လည်း မင်းသားလီအိမ်တော်ကို ပြန်ရောက်တာနဲ့ ရိုက်သတ်ခံရလောက်တယ်ဆိုတာကလည်း ပစ်မလွဲဘဲ။ ဒါပေမယ့် ဒီလိုဆို သူမ ဘယ်လို ဘာတွေ လုပ်ရတော့မလဲ။
YOU ARE READING
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Historical Fictionဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...