Burmese Translation of "Doomed to be Cannon Fodder".
(၂) ရှားစောင်းပင်...? အဲ့ဒါဘာပင်လဲ...?
______________________________ရက်အနည်းငယ်လောက် ခေါင်းအေးအေးထား စဉ်းစားကြည့်ပြီးတဲ့အခါမှာ လျိုယန်းယန်တစ်ယောက် ယခုအချိန်ကစပြီး ပိုင်ရှန်းရှို့အဖြစ်နဲ့ ဆက်ဟန်ဆောင်နေဖို့ ဆုံးဖြတ်လိုက်တော့တယ်။ သူမ မပိရိလို့ ပိုင်ရှန်းရှို့အစစ်မဟုတ်ကြောင်း သူများတွေ သိသွားလို့ မဖြစ်ဘူး။
ဝတ္ထုတွေထဲမှာ အဲ့သလိုပဲ ပြောကြတယ်မဟုတ်လား။ လုံခြုံဘေးကင်းစွာ နေနိုင်ဖို့အရေး ဝိဉာဉ်ကူးပြောင်း အချိန်ခရီးသွားတဲ့ မိန်းမတွေ အကုန်လုံး မူလခန္ဓာရှင်လို ဆက်ဟန်ဆောင်နေရတယ်ဆိုတာလေ။ သူမ နာမည်ကို ခေါ်တဲ့အခါ ပြန်ထူးဖို့ လှည့်ကြည့်ဖို့ မမေ့အောင် နေရမယ်။ မဟုတ်ရင် အလိမ်ပေါ်သွားနိုင်တယ်။
သူမ မှန်ရှေ့မှာ ထိုင်နေတယ်။ သူမမျက်နှာသူမ အလွတ်မှတ်မိနေအောင် ကြိုးစားရင်း နာမည်ကိုလည်း တတွတ်တွတ်ရွတ်နေရင်းပေါ့။ ဒါပေမယ့် အရံဇာတ်ကောင်တစ်ယောက်အနေနဲ့ သူမ ရုပ်ရည်က သိပ်ချောမောလှပလွန်း မနေဘူးလား။ အရင်က သိပ်ချောသိပ်လှတဲ့ အလှအပလေးတွေ သူမ တွေ့ဖူးပါတယ်။ မျက်နှာခွဲစိတ်ပြုပြင်ထားသူတွေရော၊ မပြင်ဘဲ လှသူတွေရော။ အင်တာနက်က ဆယ်လီတွေ၊ ပန်းချီကားတွေထဲက မော်ဒယ်တွေ၊ အနုပညာလောက တီဗွီမှာပါတဲ့ သရုပ်ဆောင်တွေ အစရှိသဖြင့်ပေါ့။ ဒါပေမယ့် သူတို့တွေထဲက တစ်ယောက်ကမှ ဒီအရံဇာတ်ကောင်ကို မမီကြဘူး။
ဒီဝတ္ထုထဲမှာက ပိုင်ရှန်းရှို့ဟာ ဇာတ်လိုက်ရဲ့ ကိုယ်လုပ်တော်တွေထဲမှာ အလှဆုံးလို့တော့ ဖော်ပြထားဖူးတယ်။ ဒါ့ကြောင့်မို့လည်း သူမက ဇာတ်လိုက်မင်းသမီးကို အရှုံးမပေးချင်တာပေါ့။ ဒီတော့ သူမက ဇာတ်လိုက်မင်သမီးကို အဆန့်ကျင်ဆုံး ဗီလိန်ဖြစ်လာတယ်။
သူမ ဒါကို စဉ်းစားနေရင်း ဘာ့ကြောင့် သူမ အရှုံးမပေးလိုတာလည်းဆိုတာ နားလည်သွားတယ်။ ဒီလိုအလှမျိုးကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်အနေနဲ့ ဘဝင်မြင့်စိတ်ကြီးဝင်နေမှာတော့ အမှန်ပဲ။ တစ်လောကလုံးက ယောက်ျားတွေကို သူမ စွဲဆောင်လို့ရမယ်လို့ မထင်ရင်တောင် သူမလောက်မလှတဲ့ မိန်းကလေးတွေကို အထင်မြင်သေးမိတာကတော့ သဘာဝကျတယ်လို့ ပြောလို့ရတယ်။
![](https://img.wattpad.com/cover/152759763-288-k385911.jpg)
ESTÁS LEYENDO
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Ficción históricaဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...