ကွကို ဆွဲဆိတ်ကြည့်စရာ မလိုဘူး၊ ဒါ update အစစ်ပဲ...
Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder(၅၉) ပထမသခင်မကို ခုတ်ပိုင်းလိုမှု
~~~~~~~~~~~~~~~~~~~~~~~~~ရှုအာ ဝင်လာတော့ သူ့သခင် မင်းသားရဲ့ မျက်နှာတော် ညိုမှောင်နေတာကို တွေ့ရတော့တာပဲ။ မင်းသား အိမ်သာ သုံးဖို့ လိုသလားလို့ သူ မေးမလို့ ပါးစပ်တောင် မဟရသေး။ သူ့ဘက်ကို မင်းသားရဲ့ သရဲဘီလူးစီးတဲ့ အကြည့်က အရင် ရောက်လာတော့တယ်။ သူ့မှာ ခြေမကိုင်မိ လက်မကိုင်မိလောက်အောင်ကို လန့်သွားရတော့တာပဲ။ သူ ဒူးထောက်ချလိုက်မိတော့တယ်။
"ထွက်သွားစမ်း" စိတ်ပျက်သွားမိတဲ့ လုံဟန့်တစ်ယောက် အိပ်ရာထဲပဲ ပြန်လှဲနေလိုက်တော့တယ်။ ဒီမိန်းမနဲ့ ဘယ်လို အစပြုရမလဲ သူ မသိတော့ဘူး။ သူမ အတွေးတွေက ဘယ်တော့မှ သူနဲ့ တပြေးညီ ရှိနေတာ မဟုတ်ဘူး။
သူက သူမနဲ့ တရင်းတနီးနေချင်နေတာ အသိသာကြီးပဲ၊ ဒါပေမဲ့ သူမကတော့ ထွက်ပြေးဖို့ အကြောင်းပြချက်ကို ရှာနိုင်လိုက်တာမှ မြန်လွန်းချက်ပဲ၊ ဒီလိုဖြစ်သွားမယ်လို့ကို သူ ထင်မထားခဲ့တာ။ ဒါပေမဲ့ ခဏနေပါဦး၊ မဟုတ်သေးဘူးလေ၊ သူမ အကြောင်းပြချက်တွေ ပေးနေစရာမှ မဟုတ်တာ။ ဘယ်ရှုထောင့်က ဘယ်လိုပဲ ကြည့်ကြည့်၊ သူဟာ သူမရဲ့ အမျိုးသားပဲ၊ ဘယ်မိန်းကလေးက ကိုယ့်အမျိုးသားနဲ့ တရင်းတနီးနေဖို့ကို ကြောက်လန့်နေမှာလဲ။
ဒါကြောင့်မို့...
'အရူးမလေး...' လုံဟန့် မတတ်သာစွာပဲ ခေါင်းခါလိုက်ရင်း ခုထားတဲ့စောင်ကို နောက်မှီချလိုက်တော့တယ်။ သူမက ဘာဖြစ်လို့ တခြားမိန်းမတွေလိုမျိုး သူ စိတ်ကျေနပ်အောင် သူ့နှစ်လိုမှုရအောင် နည်းနည်းလေးတောင် အားမထုတ်နေတာလဲ၊ သူက သိပ်ပြီး ချဉ်းကပ်ရခက်တာလဲ မဟုတ်ဘဲနဲ့။
သို့ပေမဲ့လည်း သူ သူ့ခြေထောက်ကို ပြန်ငုံ့ကြည့်မိတဲ့အခါမှာ စဉ်းစားမိတော့တယ်။ သူ့ကို ချွဲနွဲယုယနေလဲ ဘာလုပ်လို့ရမှာလဲ၊ သူက လောလောဆယ် ဒဏ်ရာရနေတဲ့ဟာကိုး။ သူဟာ ပြီးပြည့်စုံအောင် ပြစ်ချက်ကင်းမှဆိုပြီး တစ်ယူသန်ဖြစ်တတ်သူ မဟုတ်ပေမဲ့လည်း ဒဏ်ရာကြောင့် သူ့ ပထမဆုံးအကြိမ်ကို စောစောစီးစီး ပြီးသွားစေတာမျိုး မလိုလား။
YOU ARE READING
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Historical Fictionဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...