Burmese Translation of "Doomed to be Cannon Fodder".
Translator - No Coz
(၇၉) မိသားစုတစ်ခုကို ဖြိုခွဲခြင်း၏ တန်ပြန်အကျိုးဆက်
____________________________________သူက မိန်းမကောင်းလေးတစ်ယောက်ကို လှည့်ဖြားပြီးတော့ ဗုဒ္ဓဘာသာ သီလရှင်ဝတ်သွားအောင်ဆွယ်တရား ဟောနေတာမဟုတ်လား။ သူမက သီလရှင်ဝတ်ရတာ ပိုကောင်းမယ်လို့ ထင်ရလောက်အောင်လီအိမ်တော်မှာ အပယ်ခံဖြစ်နေတယ်များ မှတ်နေသလား။
စုန့်ကျောင်းယွဲ့ လုံဟန့်ကို အမြန်ဆွဲထားလိုက်ပြီး ဆရာတော်ဟွေ့ကွမ်းကို ပြုံးပြလိုက်ရတယ်။ "ဆရာတော်၊ အရှင်က လူတွေကို ကြည့်ရာမှာ အမြင်ကောင်းရှိတယ်ဆိုပေမဲ့ ပိုင်သခင်မက အိမ်ထောင်ပြုပြီး ဖြစ်နေပါတယ်၊ ပြီးတော့ သူ့စိတ်ကလဲ လောကုတ္တရာ အားထုတ်ဖို့ရာ အဆင်သင့်မဖြစ်သေးပါဘူး... ဆရာတော်အနေနဲ့ တစ်ပါးသူကို အတင်းအကြပ်သာသနာ့ဘောင်ဝင်စေလို့ မဖြစ်ပါဘူး"
မမျှော်လင့်ပါဘဲ၊ ဆရာတော်ဟွေ့ကွမ်းက သက်ပြင်းချကာ ပြောလာတယ်။ "သံသရာမှာ ကျင်လည်ရာမှာ လူ့ဘဝဆိုတာ ရေပွက်ပမာ တစ်ခဏတာလိုပဲ၊ ဒီဒကာမလေးက လူ့ပြည်မှာ ရှားမှရှားတဲ့ အထုံပါရမီပါသူလေး... ဒကာတို့က ဘာပြုလို့ လောကီရေးမှာပဲ င်္နမွန်းနေစေမှာလဲ၊ နမြောစရာ ကောင်းလိုက်တာ"
"ဆရာတော်ကြီး ညွှန်ပြသင်ကြားပေးတာအတွက်ကျေးဇူးပါဘုရား" သူမကတော့ သီလရှင်ဝတ်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ အဲ့သလို ဝတ်လိုက်လို့ သူမ အရင်လောကကို ပြန်သွားလို့ရမယ်ဆိုရင်တော့ အားရဝမ်းသာ ဝတ်ဖြစ်လိုက်မလားပဲ။
ကံမကောင်းချင်တာက...
ကံမကောင်းချင်တော့...
ဆရာတော်ဟွေ့ကွမ်းက အရိမေတ္တယျမြတ်စွာဘုရားကို ထပ်တ,လိုက်ရင်း ဆိုလေတယ်။ "ဘုန်းကြီးတော့ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး"
ပိုင်ရှန်းရှို့နှုတ်ခမ်းထောင့်တွေ တုန်တွန့်သွားမိတော့တယ်။ ဒီဘုန်းကြီးက မလွယ်ဘူးပဲ။ "ဆရာတော်၊ အရှင်က တော်တော်လေး ဇွဲကောင်းတာပဲ"
VOCÊ ESTÁ LENDO
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Ficção Históricaဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...