Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder#TableOfContents(၄၅) သူမ ခံစားချက်ကို ထုတ်ဖော်ပြသ ( Jinnie_Grace)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~စုန့်ကျောင်းယွဲ့ အသက်ခပ်ပြင်းပြင်းရှူ လိုက်ပြီး သူ့မျက်နှာထားကို ပုံမှန်ဖြစ်အောင် ထိန်းထားလိုက်နိုင်တယ်။ ဒါပေမယ့် သူ့မျက်နှာထားက နည်းနည်းတော့ အိုးတိုးအန်းတန်းဖြစ်နေပြီး သူ ချောင်းအသာဟန့်လိုက်ကာ ကြိုးစား ပြောရှာတယ်။ "တလောက ဘွဲ့မည်ထင်ရှားတဲ့ မယ်သူတော်တစ်ပါး ကျတော်တို့အိမ်တော်ကို လာတော့ သက်သတ်လွတ်ဟင်းလျာတစ်ချို့ ချက်တာ... သူက တောက်ရသေ့ကျောင်းတစ်ခုမှာ ငယ်ငယ်လေးကတည်းက သက်သတ်လွတ်ဟင်းပွဲတွေ ချက်ခဲ့တာဆိုပဲ... အမေက မြည်းစမ်းကြည့်ပြီးတဲ့အခါမှာ မင်းရဲ့ လက်ရာလောက် မကောင်းဘူးလို့ ပြောလိုက်တယ်... အဲ့ဒီမှာ မယ်သူတော်က လက်မခံနိုင်တွေ ဖြစ်တာနဲ့ မင်းက ဒီဟင်းပွဲကို ဘယ်လိုချက်သလဲဆိုတာ သူ သိပါရစေလို့ တောင်းဆိုလာတယ်..."
"အို ဟုတ်လား ဘယ်ဟင်းပွဲများပါလိမ့်?"
ပိုင်ရှန်းရှို့ကတော့ ဒါကြီးက အရမ်းအပိုလုပ်လွန်းတယ်လို့ခံစားနေရတယ်။ဘာလို့များ သခင်မစုန့်က မယ်သူတော် တစ်ပါးကို ဟင်းချက်ဖို့ သူမအိမ်တော်ဆီဖိတ်ရတာလဲ။ဒါပေမယ့် သူမ စုန်းကျောင်းယွဲ့ရဲ့ အမူအရာကိုကြည့်လိုက်မိတဲ့အချိန်မှာတော့ သူမ အရိပ်အကဲတစ်ခုကိုဖမ်းမိသွားသလိုပဲ။ကြည့်ရတာ သခင်မစုန့်က သူမရဲ့လက်ရာဟင်းကိုပဲစားချင်နေတယ်နဲ့တူပါတယ်။စုန့်ကျောင်းယွဲ့ကတော့ တစ်ချက်ရီလိုက်ပြီး ချက်ချင်းပဲ စာရွက်တစ်ရွက်ကိုရှောင်ရှီကနေတစ်ဆင့် ပိုင်ရှန်းရှို့ဆီကို ကမ်းပေးလိုက်တယ်။
ပိုင်ရှန်းရှို့ ဖွင့်ကြည့်လိုက်တော့ သူမ ဒီတစ်ခါပြင်ဆင်ပေးရမယ့် ဟင်းပွဲနာမည်တွေဖြစ်နေတယ်။အောက်ဖက်မှာတော့ သူတို့ကိုဘယ်လိုချက်ပြုတ်ပြင်ဆင်ပေးရမလဲဆိုတဲ့နည်းလမ်းတွေရေးထားတယ်။ဒါပေမယ့် အဲ့ဒါတွေက သူမချက်မယ့်နည်းနဲ့ မတူဘူးဖြစ်နေတယ်။
YOU ARE READING
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Historical Fictionဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...