Burmese Translation of "Doomed to be Cannon Fodder".
(၄၄) အရံဇာတ်ကောင် ဆိုက်ရောက်လာ (No_Coz)
~~~~~~~~~~~~~~~~~~~~~~~~~~
လုံဟန့်တစ်ယောက် လေတိုက်ရင်ကိုပဲ ယိမ်းနွဲ့နေတော့ မယ့် မိုးမခခက်လိုလို ဖြစ်နေရှာတဲ့ ပိုင်ရှန်းရှို့ကို ကြည့်လိုက်မိတယ်။ သူ ပြီးတော့ သူမကို ပြောလာတဲ့ စကားမှာက မပြောချင့် ပြောချင်သာ ပြောလိုက်ရသလိုပုံစံရယ်နဲ့။ "မင်း... ကိုယ့်ဘာသာပဲ ဆက်လေ့ကျင့်လိုက်တော့... ငါ ပြန်တော့မယ်..." သူ ရှိနေရင် သူမကမှ စိတ်မလျှော့ထားနိုင်တာ၊ သူ ပြန်တာပဲ ကောင်းပါတယ်။ ဒီလိုနဲ့ပဲ သူ့မျက်နှာ အစိတ်အပိုင်းတိုင်းမှာ မကျေနပ်မှု၊ အားမရမှုတွေရဲ့ လက္ခဏာကို ခံဆောင်လျက် လုံဟန့် ထွက်သွားတော့တယ်။ ပိုင်ရှန်းရှို့တောင်မှ သူ့ကျောပြင်ကို ကြည့်ရင်း သူ စိတ်ပျက်သွားတာကို ရိပ်မိလိုက်တယ်လေ။
ဒါပေမယ့် သူ သူမကို ကူညီခဲ့တာတော့ အမှန်ပဲ။ မဟုတ်ရင် သူမ ဟိုကိုယ်လုပ်တော်နှစ်ယောက် အနိုင်ကျင့်တာ ခံလိုက်ရမှာ။ တကယ်တမ်းတော့၊ ဇာတ်လိုက်မင်းသားရဲ့ အကျင့်စရိုက်လေးက ကောင်းရှာပါတယ်။ မဟုတ်ရင်လည်း သူမ အဲ့ဝတ္ထုကို ဖတ်ဖြစ်ခဲ့မှာ မဟုတ်ဘူး။ သူမ သူ့ကို အမြဲရှောင်ပုန်းနေရတဲ့အကြောင်းကတော့ သူမဟာ ဗီလိန်အရံဇာတ်ကောင်တစ်ခုသာသာဖြစ်နေလို့ပဲ။ သူမအဖြစ်က သူ့ကို အလကားနေ ရန်သွားစလို့ကောင်းတာမဟုတ်ဘူး။ ခုနက ပထမနဲ့ ဒုတိယကိုယ်လုပ်တော်တွေ လုပ်သွားသလိုမျိုးပေါ့။
ဝတ္ထုထဲမှာတုန်းက သူမရဲ့ ဇာတ်ရုပ်က ဇာတ်လိုက်မင်းသမီးကို ပြဿနာရှာဖို့ ဒုက္ခပေးဖို့ လုပ်ခဲ့သေးတယ်။အဲ့တော့ အိမ်တွင်းအပြစ်ပေးဒဏ်စနစ်အတိုင်း သူမကို အပြစ်ပေးတာ ခံခဲ့ရတယ်။ အဲ့တုန်းကတော့ သူမကို မသေမချင်းကြိမ်ဒဏ်မပေးသေးဘူး။ လက်ဖဝါးကိုပဲ အရိုက်ခိုင်းခဲ့တာ။ တစ်ခါရိုက်ရင် အချက် ငါးဆယ်ပဲ။ ရက်စက်လိုက်တာရော်။ ပိုင်ရှန်းရှို့ သူမ လက်ဖဝါးတွေကို ပွတ်နေမိလိုက်တယ်။ ဟိုကိုယ်လုပ်တော်နှစ်ယောက်အတွက်လည်း သူမ စိတ်ထဲကနေ ဆုတောင်းပေးမိနေသေး။ သူတို့လက်တွေ ဝက်ခြေထောက်လို ဖူးယောင်တဲ့ အထိတော့ အရိုက်မခံရပါစေနဲ့လို့လေ။
![](https://img.wattpad.com/cover/152759763-288-k385911.jpg)
KAMU SEDANG MEMBACA
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Fiksi Sejarahဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...