Part - 0 ( Zawgyi)

41.4K 988 6
                                    

Dear Diary ,

ဒိုင်​ယာရီ​လေး​ရေ

ကျွန်​မ ရင်​ဖွင့်​လို့ရတာ
ရှင်​ တစ်​​ယောက်​ပဲ ရှိတယ်

ရှင်​သာ လူတစ်​​ယောက်​ ဖြစ်​တယ်​ဆိုရင်
နားငြီးတယ်​ ဆိုပြီး ဘယ်​​လောက်​​တောင်
အော်​​နေလိုက်​မလဲ​နော်​ ...

ကျွန်​မဆိုတာကလည်း သူ့ကို
ချစ်ဖို့အတွက်​ တစ်​ခုတည်း​ နဲ့များ
မွေးဖွားလာခဲ့ သလား

တစ်​ခါတစ်​​လေ ပင်​ပန်းလွန်းလို့
ရပ်​လိုက်​ချင်​​ပေမဲ့ ကျွန်​မစိတ်​​တွေကို
ထိန်းချူပ်​လို့မရနိုင်​​သေးဖူး

သူက ကမ္ဘာ​ပေါ်မှာ အ​​​ကောင်းဆုံး
အ​တော်​ဆုံး အပြည့်​စုံဆုံး​တော့
မဟုတ်​​ပေမဲ့ သူ့ဆီမှာ ကျွန်​မ နှလုံးသားကို
ချူပ်​ကိုင်​နိုင်​တဲ့ တစ်​စုံတစ်​ခုရှိ​နေတယ်
သူ သိသည်​ဖြစ်​​စေ မသိသည်​ဖြစ်​​စေ
ကျွန်​မ အမြဲတမ်း ချစ်​​နေချင်​တယ်

ဒီကမ္ဘာမှာ ကျွန်​မ,မရှိ​တော့ရင်​​တောင်​မှ
သူ့အတွက်​ ကျွန်​မရဲ့ အချစ်​​တွေကို
ရှင်​သန်​​နေ​စေချင်​​သေးတယ်

ကျွန်​မ . . .သူ့ကို သိပ်​ချစ်​တယ်

ဂျူဂျူး 🙍

* * * * * * * * * * * * * * * * * * * * * * * * * * * * *

" ဒုတ်​ . . .ဒုတ်​ . . .ဒုတ်​ "

"လူနာ သတိရလာပြီ ဆရာဝန်​​တွေ
သွား​ခေါ်​တော့ "

သူ့လက်​​ချောင်း​လေး​တွေကို စတင် 
လှုပ်​ရှား ကြည့်​လိုက်​သည်

အသက်​ကို ပုံမှန်​ ရှုသွင်းလိုက်​ကာ
သူ့နှလုံးသား အသစ်​​လေးရဲ့အသံကို
နား​ထောင်​လိုက်​သည်​။

သူမသိ​ရ​သော ဒီ နှလုံးသား​ရဲ့
မူလပိုင်​ရှင်​ကိုလည်း စိတ်​ထဲက​နေ 
ကျေးဇူးတင်​​နေမိသည်​။

* * * * * * * * * * * * * * * * * * * * * * * * * * * *

#Next

A Seinn Kyaw 💚

 Dear my love ( Completed )Where stories live. Discover now